ယေဇကျေလ 27:13Judson Bibleယာဝန်မြို့၊ တုဗလမြို့၊ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ်သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကို မမြင်၊ ဝေးစွာသော တစ်ကျွန်းတစ်နိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တစ်ပါးအမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
ထိုအရပ်၌ မိမိအလုံးအရင်း ရှိသမျှတို့နှင့်အတူ မေရှက်လည်းရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ အသက်ရှင်သောသူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်၍ ဓားဖြင့် သေလျက်နေကြ၏။
ယခုမူကား၊ မှန်သောအရာကို ငါပြမည်။ ပေရသိနိုင်ငံကို အစိုးရသော ရှင်ဘုရင်သုံးပါး ပေါ်လေဦးမည်။ စတုတ္ထရှင်ဘုရင်မူကား၊ ထိုသူရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေခြင်းငှာ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။