ယေဇကျေလ 27:12Judson Bibleသင်၌ကုန်သွယ်ရန်ဥစ္စာများသောကြောင့်၊ တာရှုမြို့သည် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့် ကုန်သွယ်ခြင်းကို ပြုလေ၏။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့်လည်းကောင်း၊ သင်၏ဘုန်းကို ပွင့်စေသော၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်လည်းကောင်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦး ပြုကြလိမ့်မည်။
သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအားဖြင့်၊ အဓမ္မအမှုတို့နှင့် ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သောသူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ်မည်။ အို လွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။
ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုအပေါင်းတို့က၊ ကိုယ်တော်သည် သူ့ဥစ္စာကို လုယူခြင်းငှာ လာသလော။ သူ့ဥစ္စာကိုဝေငှ၍ ရွှေငွေကိုလည်းကောင်း၊ တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းကောင်း သိမ်းသွားလျက်၊ များစွာ လုယက်ဖျက်ဆီးခြင်းငှာ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။
သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ ပြေးမည့်အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကိုပေးပြီးလျှင်၊ ထာဝရဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့လိုက်ခြင်းငှာ သင်္ဘောကို စီးလေ၏။