Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:2

Judson Bible

အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် သံ​တ​မန်​နှင့်​တ​ကွ အာ​ရဇ်​သစ်​သား၊ လက်​သ​မား၊ ပန်း​ရန်​သ​မား​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍ သူ​တို့​သည် နန်း​တော်​ကို​တည်​ဆောက်​ကြ၏။

အ​ကျွန်ုပ်​ကို​ပါး​စပ်​ဟ၍ အေ့​ဟေ၊ အေ့​ဟေ၊ ငါ​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​ပြီ​ဟု ဆို​ကြ​ပါ၏။

အ​ကျွန်ုပ်​ကို အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​အား​ဖြင့် မှိုင်​တွေ​ကြ​ပါ​စေ​သော။

ကိုယ်​တော်​ကို​ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို နှစ်​သက်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း​ဟု အ​စဉ်​မ​ပြတ် ပြော​ကြ​ပါ​စေ​သော။

အ​ကျွန်ုပ်​ကို အေ့​ဟေ၊ အေ့​ဟေ​ဟု ဆို​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ခြင်း​အား​ဖြင့် နောက်​သို့​လှန်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

ဂေ​ဗ​လ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ တု​ရု​မြို့​သား​နှင့်​တ​ကွ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​သည် သင်း​ဖွဲ့​ကြ​ပါ၏။

မြို့​တံ​ခါး​မှ ထွက်​ကြ။ ထွက်​ကြ။ လူ​များ​ဖို့​လမ်း​ကို ပြင်​ကြ။ မြေ​ဖို့​ကြ။ ဖို့​ကြ။ ကျောက်​များ​ကို ပယ်​ရှင်း​ကြ။ လူ​များ​ဖို့ အ​လံ​ကို​ထူ​ကြ။

တု​ရု​မင်း​အ​ပေါင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း၊ ပင်​လယ်​တစ်​ဖက်၌ အ​စိုး​ရ​သော​မင်း​များ၊

ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ထံ၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လာ​သော သံ​တ​မန်​တို့​တွင်၊ ထို​ကြိုး​နှင့် ထမ်း​ပိုး​တို့​ကို ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အ​မ္မုန်​မင်း၊ တု​ရု​မင်း၊ ဇိ​ဒုန်​မင်း​သို့​ပေး​လိုက်​လော့။

အ​ကြောင်း​မူ​ကား၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး​ရ​သော​နေ့၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့​ကို စစ်​ကူ​နိုင်​သော​သူ​အ​ကျန်​အ​ကြွင်း​ရှိ​သ​မျှ​ကို ပယ်​ဖြတ်​ရ​သော​နေ့​သည်​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​အ​မျိုး​သား​နှင့် ကျန်​ကြွင်း​သော က​တ္တော​ရ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်။

အ​မ္မုန်​အ​မျိုး​သား​တို့​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ၌ သား​မ​ရှိ​သ​လော။ အ​မွေ​ခံ မ​ရှိ​သ​လော။ မိ​လ​ကုံ​ဘု​ရား​သည် ဂဒ်​ပြည်​ကို အ​ဘယ်​ကြောင့် သိမ်း​ယူ​သ​နည်း။ သူ့​တ​ပည့်​တို့​သည် ဂဒ်​မြို့​တို့၌ အ​ဘယ်​ကြောင့် နေ​ကြ​သ​နည်း။

စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

ထို​မြို့​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့​နှင့်​တ​ကွ အ​ရှေ့​ပြည်​သား​တို့​အား အ​ပိုင်​ပေး​မည်။ အ​မ္မုန်​ပြည်​သား​တို့​ကို တိုင်း​နိုင်​ငံ​စု​တွင် မ​မှတ်​ရ။

သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊

တစ်​ဖန် မော​ဘ​ပြည်​နှင့် စိ​ရ​မြို့​က၊ ယု​ဒ​အ​မျိုး​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​ဆို​သော​ကြောင့်၊

သ​က္က​ရာဇ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သင်​က၊ ဤ​တိုင်း​ပြည်​နှစ်​ပြည်​ကို ငါ​တို့​သည်​သိမ်း၍ ပိုင်​မည်​ဟု ထို​ပြည်၌ ထာ​ဝ​ရ​ဘု​ရား​ရှိ​လျက်​နှင့် ဆို​မိ​သော​ကြောင့်၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​က၊ အေ့​ဟေ၊ ထာ​ဝ​ရ​တောင်​တို့​သည် ငါ​တို့​လက်​သို့ ရောက်​ကြ​ပြီ​ဟု သင်​တို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

အို​တု​ရု​မြို့၊ ဇိ​ဒုန်​မြို့၊ ပါ​လေ​တ္တိ​န​ပြည်​နှင့် နီး​စပ်​သော​အ​ရပ်​ရှိ​သ​မျှ​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​မည်​လော။ ငါ့​ကို ရန်​တုံ့​ပြု​ကြ​လျှင်၊ ထို​ရန်​ကို သင်​တို့​ခေါင်း​ပေါ်​သို့ အ​လျင်​အ​မြန် ငါ​ပြန်​ရောက်​စေ​မည်။

ရာ​မ​မြို့၊ ခိုင်​ခံ့​သော​တု​ရု​မြို့၊ ဟော​သ​မြို့​သို့​လှည့်​လျက်၊ ပင်​လယ်​ကမ်း​ပါး​မှ​စ၍ အာ​ခ​ဇိပ်​မြို့​တိုင်​အောင် ပင်​လယ်၌​ဆုံး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ