Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:1

Judson Bible

သ​က္က​ရာဇ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဒ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​တစ်​နှစ်၊ စ​တု​တ္ထ​လ​ကိုး​ရက်​နေ့၌ မြို့​ကို​ဖြို​ဖောက်၍၊

မိုး​ကောင်း​ကင်​ပွင့်၍ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို​မြင်​ရ၏။

သ​က္က​ရာဇ် ခု​နစ်​ခု၊ ပ​ဥ္စ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​လာ၍ ငါ့​ရှေ့​မှာ​ထိုင်​နေ​ကြ၏။

ပြင်း​စွာ​သော ဆုံး​မ​ခြင်း​နှင့်​တ​ကွ ကြီး​စွာ​သော​အ​ပြစ်​ဒဏ်​ကို ပေး​မည်။ ထို​သို့ ငါ၏​ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ​ဒဏ်​ပေး​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

သင်​သည် လဲ​ပျက်​သော​အ​ခါ သင်၏​ဥ​စ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော​သား၊ လမ်း​ပြ​မာ​လိန်၊ ပြု​ပြင်​သူ၊ ကုန်​သည်၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း ပါ​သ​မျှ​တို့​သည် ပင်​လယ်​အ​လယ်၌​ကျ​ရ​ကြ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​၍၊

သ​က္က​ရာဇ်​ဆယ်​ခု၊ ဒ​သ​မ​လ တစ်​ဆယ်​တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

သ​က္က​ရာဇ် နှစ်​ဆယ်​ခု​နစ်​ခု၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သ​က္က​ရာဇ် တစ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သ​က္က​ရာဇ်​ခြောက်​ခု၊ ဆ​ဋ္ဌ​မလ၊ ငါး​ရက်​နေ့​တွင်၊ ငါ​သည်​ကိုယ်​အိမ်၌​ထိုင်၍၊ ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​သည် ငါ​ရှေ့​မှာ​ထိုင်​ကြ​စဉ်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​သို့ သက်​ရောက်​လေ၏။

ဧ​ဖ​ရိမ်​သည် တု​ရု​မြို့​ကဲ့​သို့ ငြိမ်​ဝပ်​ရာ​အ​ရပ်၌ တည်​ဟန်​ရှိ​သော်​လည်း၊ မိ​မိ​သား​သ​မီး​တို့​ကို လူ​သတ်​လက်​သို့ အပ်​ရ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တု​ရု​မြို့​သည် ညီ​အစ်​ကို​ချင်း​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို မ​စောင့်၊ ချုပ်​ထား​သော သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌​အပ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

ထို​ပြည်​နှင့် နီး​စပ်​သော ဟာ​မတ်​ပြည်၌​လည်း​ကောင်း၊ တု​ရု​မြို့​သည် လိ​မ္မာ​သော​ကြောင့် ထို​မြို့​နှင့် ဇိ​ဒုန်​မြို့၌​လည်း​ကောင်း သင့်​ရောက်​ပေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ