အကြောင်းမူကား၊ ထိုမြို့သတ်သောသူ၏ အသွေးသည် မြို့အလယ်၌ရှိ၏။ ထိုအသွေးကို မြေမှုန့်နှင့်ဖုံးခြင်းငှာ မြေပေါ်မှာ သွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာ တင်ထားပြီ။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ်၍ သူ့ဥစ္စာကို သိမ်းယူပြီလော။ တစ်ဖန်မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင်လျက်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးသားတို့ကို၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှာ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသောအသွေးကို ဖော်ပြရလိမ့်မည်။ မိမိ၌ အသေခံရသောသူတို့ကို နောက်တစ်ဖန် ဝှက်၍မထားရ။
သူတို့မျက်နှာအနေအထားသည် သူတို့တစ်ဖက်၌ သက်သေခံ၏။ မိမိဒုစရိုက်ကို မဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မကောင်းကျိုးကို မိမိတို့၌ဆပ်ပေးကြပြီ။
ထိုမှတစ်ပါး၊ အနိုင်အထက်ပြုသည်ကို သင်မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသော အသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏။
သူတို့သည် ရွံရှာဖွယ်သော အမှုကိုပြုပြီးမှ ရှက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာ မပျက်ကြ။ ထိုကြောင့်၊ တစ်ယောက်နောက်တစ်ယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်းရှိ၏။ သင်၏ နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။
သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြလိမ့်မည်။
ဣသရေလအမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသား တစ်စုံတစ်ယောက်သည်၊ မုဆိုးလုပ်၍စားစရာဖို့ သား၊ ငှက်ကိုဖမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။
သူတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့ သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။
သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။
ထိုကြောင့် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။