Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 22:13

Judson Bible

သို့​ဖြစ်၍၊ သင်​ဆည်း​ပူး​သော​ဥ​စ္စာ၊ သင့်​အ​လယ်၌​သွန်း​သော အ​သွေး​ကြောင့် ငါ​လက်​ခုပ်​တီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​တိုး​စား၍ မ​တ​ရား​သော​အ​မြတ်​အား​ဖြင့် ဥ​စ္စာ​ကို​ဆည်း​ပူး​သော​သူ​သည် ဆင်း​ရဲ​သား​တို့​ကို သ​နား​သော​သူ​အ​ဖို့​သာ ဆည်း​ပူး​တတ်၏။

တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍​လက်​ခုပ်​တီး​လော့။ ဓား​တော်​သည် နှစ်​ခေါက်၊ သုံး​ခေါက်​ရောက်​ရ၏။ သူ​ရဲ​ဓား၊ အား​ကြီး​သော သူ​ရဲ​ဓား​ဖြစ်၏။ သူ​တို့​ကို​ဝန်း​ရံ​သော​ဓား​ဖြစ်၏။

ငါ​သည်​လည်း လက်​ချင်း​ရိုက်၍၊ ငါ့​ဒေါ​သ​အ​ရှိန်​ကို​ငြိမ်း​စေ​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဓား​သွား​ရာ​လမ်း​နှစ်​လမ်း​ကို မှတ်​သား​လော့။ လမ်း​နှစ်​လမ်း​တို့​သည် ပြည်​တစ်​ပြည်​ထဲ​က ထွက်​ရ​မည်။ မြို့​သို့​သွား​သော လမ်း​ခွ၌ အ​ရပ်​တစ်​ခု​ကို ရွေး​လော့။

မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။

ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။

မြို့​သား​တို့​သည် တ​ရား​သော​အ​မှု​ကို မ​ပြု​တတ်၊ အ​နိုင်​အ​ထက်​ပြု၍ လု​ယူ​သော​ဥ​စ္စာ​ကို ဘုံ​ဗိ​မာန်​တို့၌ သို​ထား​တတ်​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​အ​ခါ ဗာ​လက်​မင်း​သည်၊ ဗာ​လမ်​ကို​အ​မျက်​ထွက်၍ လက်​ခုပ်​တီး​လျက်၊ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့၏။ သင်​သည် သုံး​ကြိမ်​တိုင်​အောင် အ​ကြွင်း​မဲ့ ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား။

ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ