ယေဇကျေလ 22:12Judson Bibleသင့်အလယ်၌လည်း လူအသက်သတ်ခကိုခံကြ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည် စပါးကို ရောင်းအံ့သောငှာ လဆန်းနေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှာ ဥပုသ်နေ့ လွန်ပါစေဟုဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှာလည်းကောင်း၊ ကျပ်လေးကို ကြီးစေခြင်းငှာလည်းကောင်း လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်လည်းကောင်း၊ ငတ်မွတ်သောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ဝယ်၍၊ ညံ့သောဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှာ အလွန်အလိုကြီးသောသူတို့၊ ဤစကားကို နားထောင်ကြလော့။
ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သောသူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှမပြုရဟု ငါရေးထား၍ ပညတ်၏။-