Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:9

Judson Bible

အ​ချင်း​လူ​သား၊ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ဓား​တော်​ကို ထက်​စွာ သွေး​လေ​ပြီ။ ပြောင်​လက်​စွာ ပွတ်​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မြား​ကို​နုတ်​လျှင် မိ​မိ​ကိုယ်​ထဲ​က ထွက်​လာ၏။ အ​ရောင်​တောက်​သော​ဓား​သည် သူ၏​သည်း​ခြေ​ထဲ​က ထွက်​လာ၍၊ သူ​သည် မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။

ငါ​ပြော​အံ့​သော​စ​ကား​တစ်​ချက်​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် စုံ​လင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ ဆိုး​ညစ်​သော​သူ​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​တတ်၏။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ပြေး​တတ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း၊ လိမ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း ခိုင်​ခံ့​ကြီး​မား​သော ဓား​တော်​နှင့် ဒဏ်​ပေး၍၊ ပင်​လယ်၌​ရှိ​သော န​ဂါး​ကို​လည်း သတ်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် မီး​နှင့်​ဓား​အား​ဖြင့်၊ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို အ​ပြစ်​ပေး​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။

တော၌ မြင့်​သော​အ​ရပ် အ​လုံး​စုံ​တို့​အ​ပေါ်​မှာ လု​ယက်​သော​သူ​တို့​သည် တက်​ကြ​ပြီ။ အ​ကယ်​စင်​စစ် ပြည်​စွန်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် ဖျက်​ဆီး​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​ချမ်း​သာ​မ​ရ။

အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​လျှင်၊ သင်​က​လည်း၊ သေ​တန်​သော​သူ​တို့​သည် သေ​ခြင်း​သို့​လည်း​ကောင်း၊ ကွပ်​မျက်​တန်​သော သူ​တို့​သည် ကွပ်​မျက်​ခြင်း​သို့​လည်း​ကောင်း၊ ငတ်​မွတ်​တန်​သော​သူ​တို့​သည် ငတ်​မွတ်​ခြင်း​သို့​လည်း​ကောင်း၊ သိမ်း​သွား​ချုပ်​ထား​တန်​သော သူ​တို့​သည် သိမ်း​သွား​ချုပ်​ထား​ခြင်း​သို့​လည်း​ကောင်း ထွက်​သွား​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား​ဆင့်​ဆို​လော့။

မြင်း​စီး​သူ​ရဲ​များ​တို့၊ မြင်း​ကို က​ကြိုး​တန်​ဆာ ဆင်၍​စီး​ပြီး​လျှင်၊ သံ​ခ​မောက်​လုံး​ကို ဆောင်း​လျက် ထွက်​ကြ​လော့။ လှံ​တို့​ကို ပွတ်​ကြ​လော့။ သံ​ချပ်​အင်္ကျီ​တို့​ကို ဝတ်​ကြ​လော့။

အာ​ရှ​ကေ​လုန်​မြို့​နှင့် ပင်​လယ်​ကမ်း​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော​ကြောင့်၊ အ​ဘယ်​သို့ ငြိမ်​ဝပ်​စွာ​နေ​နိုင်​သ​နည်း။ ထို​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။

သူ​တို့​စိတ်​ပျက်၍ အ​ထူး​သ​ဖြင့်​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး​ကို မြို့​တံ​ခါး​ရှိ​သ​မျှ​တို့၌ ငါ​ရောက်​စေ​ပြီ။ ဓား​ပြောင်​လျက်​ရှိ၏။ လုပ်​ကြံ​စ​ရာ​ဖို့ ပွတ်​ထား​လျက်​ရှိ၏။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။

ထို​သို့​သင်၌ တ​ရား​သော​သူ၊ မ​တ​ရား​သော သူ​တို့​ကို ပယ်​ဖြတ်​စ​ရာ​အ​ကြောင်း ရှိ​သော​ကြောင့်၊ ငါ့​ဓား​သည် တောင်​ဘက်​မှ​သည် မြောက်​ဘက်​သို့​တိုင်​အောင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ရန်​ဘက်​ပြု၍ မိ​မိ​အိမ်​မှ ထွက်​ရ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ