Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:10

Judson Bible

ထက်၍ အ​ထူး​သ​ဖြင့် လုပ်​ကြံ​စေ​ခြင်း​ငှာ သွေး​လေ​ပြီ။ ပြောင်၍ အ​ရောင်​တောက်​စေ​ခြင်း​ငှာ​လည်း ပွတ်​လေ​ပြီ။ ငါ့​သား၏ ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်​လော။ ထို​ဓား​သည် သစ်​သား​ရှိ​သ​မျှ​ကို မ​ထီ​မဲ့​မြင် ပြု​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သူ​သည် ဒု​စ​ရိုက်​ကို​ပြု​လျှင် လူ​သုံး​တတ်​သော ကြိမ်​လုံး​နှင့် ငါ​ဆုံး​မ​မည်။ လူ​သား​ရိုက်​တတ်​သ​ကဲ့​သို့​ငါ​ရိုက်​မည်။

ရှု​ရှန်​နန်း​တော်၌ ထို​အ​မိန့်​တော်​စာ​ကို ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့​လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည် စ​ပျစ်​ရည်​သောက်​ပွဲ၌ ထိုင်၍၊ ရှု​ရှန်​မြို့​တော်​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​သ​တည်း။

ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ အ​မျက်​တော်​မ​ငြိမ်း​ရ။ နောက်​ကာ​လ၌ သင်​တို့​သည် ရှင်း​လင်း​စွာ နား​လည်​ကြ​လိမ့်​မည်။

မြင်း​စီး​သူ​ရဲ​များ​တို့၊ မြင်း​ကို က​ကြိုး​တန်​ဆာ ဆင်၍​စီး​ပြီး​လျှင်၊ သံ​ခ​မောက်​လုံး​ကို ဆောင်း​လျက် ထွက်​ကြ​လော့။ လှံ​တို့​ကို ပွတ်​ကြ​လော့။ သံ​ချပ်​အင်္ကျီ​တို့​ကို ဝတ်​ကြ​လော့။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို တောင်​ပြည်၌​ရှိ​သော​တော​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင်၌ မီး​ကို​ညှိ​မည်။ သင်၌ စိမ်း​လန်း​သော​အ​ပင်၊ သွေ့​ခြောက်​သော​အ​ပင်​ရှိ​သ​မျှ လောင်​လိမ့်​မည်။ တောက်​သော မီး​လျှံ​သည်​မ​ငြိမ်း​ရ။ တောင်​ဘက်​မှ​သည် မြောက်​ဘက်​သို့​တိုင်​အောင် မြေ​တစ်​ပြင်​လုံး​လောင်​လိမ့်​မည်။

သုံး​စ​ရာ​ဖို့ ပွတ်​စေ​ခြင်း​ငှာ အပ်​ထား​ပြီ။ လုပ်​ကြံ​သော​သူ၌​အပ်​ခြင်း​ငှာ ထက်​စွာ​လည်း သွေး​လေ​ပြီ။ ပြောင်​လက်​စွာ​ပွတ်​လေ​ပြီ။

ထို​သို့​သင်၌ တ​ရား​သော​သူ၊ မ​တ​ရား​သော သူ​တို့​ကို ပယ်​ဖြတ်​စ​ရာ​အ​ကြောင်း ရှိ​သော​ကြောင့်၊ ငါ့​ဓား​သည် တောင်​ဘက်​မှ​သည် မြောက်​ဘက်​သို့​တိုင်​အောင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ရန်​ဘက်​ပြု၍ မိ​မိ​အိမ်​မှ ထွက်​ရ​လိမ့်​မည်။

သူ​တို့​သည် ဆူး​ပင်​ကဲ့​သို့ အ​ချင်း​ချင်း ညှိ​တွယ်​လျက်၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့​ဖြစ်​လျက်၊ သွေ့​ခြောက်​သော အ​မှိုက်​ကဲ့​သို့ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

မြင်း​စီး​သူ​ရဲ​သည် မီး​တောက်​သော​ဓား၊ လျှပ်​စစ်​ပြက်​သော လှံ​ကို​ချီ​လျက်၊ တိုက်​သော​သူ​ရဲ​အ​များ​နှင့် သေ​သော​သူ အ​ပုံ​ပုံ​ရှိ​ကြ၏။ အ​သေ​ကောင်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်။ လူ​သေ​ကောင်​များ​ကို ထိ​မိ၍ လဲ​တတ်​ကြ၏။

နေ​နှင့် လ​သည် မိ​မိ​တို့​နေ​ရာ၌ ရပ်၍ နေ​ပါ၏။ သူ​တို့ အ​လင်း၌ မြား​တော်​တို့​သည် သွား၍၊ သူ​တို့​ရောင်​ခြည်၌ လှံ​တော်​သည်​လည်း လျှပ်​စစ်​ပြက်​ပါ၏။

ထို​သူ​သည် သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို​ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ