Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 18:8

Judson Bible

အ​တိုး​စား၍ ငွေ​ကို​မ​ချေး၊ အ​ဓ​မ္မ​အ​မှု​ကို လက်​မ​ခံ၊ သူ​တစ်​ပါး​အ​မှု​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်​မှာ​ဖြောင့်​မတ်၍ ကိုယ်​ဒု​စ​ရိုက်​ကို ကြဉ်​ရှောင်၏။

အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။

ကိုယ်​ငွေ​ကို​ချေး၍ အ​တိုး​မ​ယူ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​တစ်​ဖက်​မှ တံ​စိုး​ကို​မ​ခံ​ဘဲ​ကျင့်​သော​သူ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​အ​မြဲ ကင်း​လွတ်​လိမ့်​သ​တည်း။

ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။

အ​တိုး​စား၍ မ​တ​ရား​သော​အ​မြတ်​အား​ဖြင့် ဥ​စ္စာ​ကို​ဆည်း​ပူး​သော​သူ​သည် ဆင်း​ရဲ​သား​တို့​ကို သ​နား​သော​သူ​အ​ဖို့​သာ ဆည်း​ပူး​တတ်၏။

ကောင်း​သော​အ​ကျင့်​ကို ကျင့်​အံ့​သော​ငှာ သင်​ကြ​လော့။ တ​ရား​သ​ဖြင့် ပြု​ခြင်း​ငှာ ကြံ​ကြ​လော့။ ကောက်​သော​အ​ရာ​ကို ဖြောင့်​စေ​ကြ​လော့။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့။ မု​ဆိုး​မ​တို့​၏​အ​မှု​ကို စောင့်​ကြ​လော့။

တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။

အို မိ​ခင်၊ ငါ၌ အ​မင်္ဂ​လာ​ရှိ၏။ မိ​ခင်​သည် တစ်​ပြည်​လုံး​ရန်​တွေ့​သော​သူ၊ ငြင်း​ဆန်​သော​သူ​ဖြစ်​သော ငါ့​ကို ဖွား​မြင်​ပါ​ပြီ။ ငါ​သည် သူ​တစ်​ပါး​ကို အ​တိုး​နှင့် မ​ချေး။ သူ​တစ်​ပါး​သည်​လည်း ငါ့​ကို​အ​တိုး​နှင့်​မ​ချေး။ သို့​သော်​လည်း၊ လူ​ခပ်​သိမ်း​တို့​သည် ငါ့​ကို ကျိန်​ဆဲ​တတ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ ငါ့​စီ​ရင်​ချက်​တို့​ကို မ​စောင့်၊ သင်​တို့​ပတ်​လည်၌ နေ​သော လူ​မျိုး​တို့၏ ထုံး​စံ​ဓ​လေ့​တို့​ကို​လိုက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

အ​တိုး​စား၍​ငွေ​ချေး​ခြင်း​ကို​ပြု​သော သူ​ဖြစ်​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​သက်​မ​ရှင်​ရ။ ထို​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​ကို​ပြု​သော​ကြောင့်၊ စင်​စစ်​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

ဆင်း​ရဲ​သော သူ​ကို​ချမ်း​သာ​ပေး​ခြင်း၊ အ​တိုး​မ​စား​ဘဲ​ငွေ​ချေး​ခြင်း​ကို​ပြု၍ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ​သည် အ​ဘ၏​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​မည်​မ​ဟုတ်။ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။

သင့်​အ​လယ်၌​လည်း လူ​အ​သက်​သတ်​ခ​ကို​ခံ​ကြ၏။ အ​တိုး​စား၍ ငွေ​ကို​ချေး​ကြ၏။ အိမ်​နီး​ချင်း၏​ဥ​စ္စာ​ကို လု​ယူ​ကြ၏။ ငါ့​ကို​လည်း မေ့​လျော့​ကြ၏။

တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။

တိုင်း​ထွာ​သော​အ​မှု၊ ချိန်​တွယ်​သော​အ​မှု၊ ခြင်​တွက်​သော​အ​မှု၌ မ​တ​ရား​စွာ​မ​ပြု​ရ။

သင်​တို့ ကျင့်​ရ​မည်​အ​ကျင့်​ဟူ​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ​သည် တစ်​ယောက်​နှင့် တစ်​ယောက် မှန်​သော​စ​ကား​ကို ပြော​ကြ​လော့။ မြို့​တံ​ခါး​ဝ​မှာ ဖြောင့်​မတ်​စွာ စီ​ရင်၍၊ တ​ရား​တွေ့​သည်​အ​မှု​ကို ငြိမ်း​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဥ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျှင်၊ ထား​သည်​အ​တိုင်း မ​ပြု​ဘဲ​မ​နေ​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ကန်​အ​မှန်​တောင်း​တော်​မူ​မည်။ သင်​သည်​မ​ပြု​ဘဲ​နေ​လျှင် အ​ပြစ်​ရောက်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ