ယေဇကျေလ 18:7Judson Bibleအဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့် ဖုံးလွှမ်းလျှင်လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသောပျိုးပင်ကား၊ ယုဒလူတည်း။ တရားစီရင်ခြင်းကို မျှော်လင့်တော်မူသည်ရှိသော်၊ အသေသတ်ခြင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအရာ၌လည်း ငိုကြွေးခြင်းကိုလည်းကောင်း တွေ့မြင်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားသဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသောသူတို့ကို ဤအရပ်၌ မကွပ်မျက်ကြနှင့်။
သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။