အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း နောက်တစ်ဖန် ဣသရေလပြည်၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။
အချင်းလူသား၊ နေ့ရက်ကာလ ရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့နည်း။
စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။
အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏ဟု၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ်၍ စကားပုံကိုသုံးသောအခါ အဘယ်သို့ဆိုလိုသနည်း။
သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။
ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။-