Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 18:2

Judson Bible

အ​ဘ​တို့​သည် ချဉ်​သော​စ​ပျစ်​သီး​ကို​စား၍ သား​တို့​သည် သွား​ကျိန်း​လျက်​ရှိ​ကြ၏​ဟု၊ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို​သုံး​သော​အ​ခါ အ​ဘယ်​သို့​ဆို​လို​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို သူ၏​သား​သ​မီး​တို့​အ​ဖို့ ဘယ်​နှစ်​ကြိမ် သို​ထား​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ကိုယ်​တိုင်​သိ၍၊

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

ငါ၏​လူ​တို့​ကို အ​ဘယ်​ကြောင့် နှိပ်​စက်​ကြ​သ​နည်း။ ဆင်း​ရဲ​သား​တို့၏​မျက်​နှာ​ကို အ​ဘယ်​ကြောင့် ကြိတ်​ကြ​သ​နည်း​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇက်​သား မ​နာ​ရှေ​မင်း​သည် ယေ​ရု​ရှ​လင်​မြို့၌​ပြု​သော​အ​မှု​ကြောင့်၊ ထို​သူ​တို့​ကို မြေ​ကြီး​ပေါ်​မှာ​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက်​ကို​ခံ​စေ​မည်။

ဘိုး​ဘေး​တို့​သည် ပြစ်​မှား၍ သေ​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် သူ​တို့ အ​ပြစ်​များ​ကို ခံ​ရ​ပါ၏။

အ​ချင်း​လူ​သား၊ နေ့​ရက်​ကာ​လ ရွေ့​လျက်​ရှိ၍၊ ခပ်​သိမ်း​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​လည်း ပျက်​ကြ​ပြီ​ဟု၊ ဣ​သ​ရေ​လ​ပြည်၌ သုံး​တတ်​သော စ​ကား​ပုံ​ကား အ​ဘယ်​သို့​နည်း။

စ​ကား​ပုံ​ကို​သုံး​တတ်​သော သူ​အ​ပေါင်း​တို့​က၊ အ​မိ​ကဲ့​သို့ သ​မီး​ဖြစ်၏​ဟု သင့်​ကို​ရည်​မှတ်၍ စ​ကား​ပုံ​ကို ပြော​ကြ​လိမ့်​မည်။

ပုန်​ကန်​တတ်​သော အ​မျိုး​အား​သင်​ပြော​ရ​မည်​မှာ၊ ဤ​စ​ကား အ​ဘယ်​သို့​ဆို​လို​သည်​ကို နား​လည်​ကြ​သ​လော။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ယေ​ရု​ရှ​လင်​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ပြီ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊

သင်​တို့​က​လည်း၊ အ​ဘယ်​သို့​နည်း။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ​သ​လော​ဟု မေး​ကြ​သော်၊ သား​သည် တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​စောင့်​လျှင်၊ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း နောက်​တစ်​ဖန် ဣ​သ​ရေ​လ​ပြည်၌ ထို​စ​ကား​ပုံ​ကို​သုံး​ရ​သော အ​ကြောင်း​မ​ရှိ​ရ။

ဆင့်​ဆို​ရ​မည်​မှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှုတ်​ချ​လျက်​ရှိ​သော ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း၊ လူ​ဆိတ်​ညံ​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ​ပြည်​ကို​လည်း​ကောင်း၊ အေ့​ဟေ​ဟု သင်​ဆို​မိ​သော​ကြောင့်၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​ဖြစ်​ကြ၏။ ငါ​တို့​အ​ရိုး​များ​သည် သွေ့​ခြောက်​ကြ၏။ မျှော်​လင့်​စ​ရာ​မ​ရှိ။ ငါ​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ​ဟု သူ​တို့​ဆို​တတ်​ကြ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဧ​ဖ​ရိမ်​ကိုင်​သော ယော​သပ်၏​တုတ်​နှင့်၊ သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ငါ​ယူ၍ ယု​ဒ​တုတ်​နှင့်​အ​တူ ပူး​ထား​ပြီး​လျှင်၊ တစ်​ချောင်း​တည်း​ဖြစ်​သော တုတ်​ကို ငါ​လက်​စွဲ​မည်​ဟု ဆင့်​ဆို​လျက်၊

ငါ၏​ကျွန်​ယာ​ကုပ်​အား​ငါ​ပေး၍၊ သင်​တို့ ဘိုး​ဘေး​များ​နေ​ဖူး​သော ပြည်၌ သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် နေ​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့​ကို အ​စဉ်​အ​မြဲ​စိုး​စံ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ပြည်​လေး​ထောင့်​တို့​သည် ဆုံး​ခြင်း​သို့​ရောက်​ကြ၏။

ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရာ​များ​တို့​သည် ယ​ခု​ဖြစ်​သော​လူ​များ​အ​ပေါ်​သို့ ရောက်​ကြ​လိမ့်​မည်။-

ဘု​ရား​သ​ခင်​ကို ငြင်း​ဆန်​သော အ​ချင်း​လူ၊ သင်​သည်​ကား အ​ဘယ်​သူ​နည်း။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​အား၊ အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​လုပ်​သ​နည်း​ဟု ဆို​ရ​မည်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ