Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 18:26

Judson Bible

တ​ရား​သော​သူ​သည် တ​ရား​သော​အ​မှု​ကို​ပယ်၍ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လျှင်၊ ထို​အ​မှု​ကြောင့် သေ​ရ​မည်။ ပြု​မိ​သော​အ​ဓ​မ္မ​အ​မှု​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်​မတ်​သော​လမ်း​ကို​စွန့်၍၊ မိုက်​မဲ​သော​လမ်း​သို့ လိုက်​သော​သူ၊

အ​ဘ​မူ​ကား၊ မိ​မိ​ညီ​အစ်​ကို​ကို အ​ထပ်​ထပ်​ညှဉ်း​ဆဲ​လျက်၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင် မ​ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ပြစ်​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သို့​သော်​လည်း သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည်​မ​ဟုတ်​လော။

ထို​အ​တူ၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သော အ​ဓ​မ္မ​အ​မှု​ကို​ရှောင်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော အ​မှု​ကို​ပြု​လျှင်၊ မိ​မိ​အ​သက်​ကို ကယ်​နုတ်​ရ​လိမ့်​မည်။

တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်၍ ဒု​စ​ရိုက်​ကို​ပြု​လျှင်​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ကို သူ့​ရှေ့​မှာ ငါ​ထား​လျှင်​လည်း​ကောင်း သူ​သည် သေ​လိမ့်​မည်။ သင်​သည် သ​တိ​မ​ပေး​သော​ကြောင့်၊ သူ​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ​ကျင့်​ဖူး​သော တ​ရား​ကို ပ​မာ​ဏ​မ​ပြု​ရ။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

ဖြောင့်​မတ်​သော​သူ​သည် စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်​ဟု ငါ​ဆို​သော်​လည်း၊ သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို ကိုး​စား၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ အ​ရင်​ဖြောင့်​မတ်​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ မ​အောက်​မေ့​ရ။ ပြု​မိ​သော ဒု​စ​ရိုက်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း​ကို စွန့်၍ ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​သေ​ခံ​ရ​လိမ့်​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

မ​တ​ရား​သော​အ​မှု​မည်​သည်​ကား ဒု​စ​ရိုက်​ဖြစ်၏။ သို့​သော်​လည်း သေ​ပြစ်​မ​သင့်​သော ဒု​စ​ရိုက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ