Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 18:25

Judson Bible

သို့​သော်​လည်း သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။

သင်၏​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၍၊ နှုတ်​နှင့်​ပြစ်​မှား​ပေ၏။

ထို​အ​ခါ ဗု​ဇ​အ​မျိုး အာ​ရ​အ​နွယ်​ဖြစ်​သော ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု​သည် အ​မျက်​ထွက်၏။ ယော​ဘ​သည် ဘု​ရား​သ​ခင်​ထက် မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို ပြ​သော​ကြောင့်၊ ယော​ဘ​ကို အ​မျက်​ထွက်၏။

သင်​သည် ငါ​တ​ရား​စီ​ရင်​ချက်​ကို ပယ်​မည်​လော။ သင်​သည် ကိုယ်​တိုင်​ဖြောင့်​မတ်​ဟန် ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​မည်​လော။

ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​ရှိ​သ​မျှ​တို့​သည် ဖြောင့်​မတ်၍၊ ခပ်​သိမ်း​သော​အ​မှု​တော်​တို့​သည် သန့်​ရှင်း​ကြ​ပါ၏။

ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။

ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် တ​ရား​ဆုံး​ဖြတ်​တော်​မူ​သည်​ဖြစ်၍၊ ဖြောင့်​မတ်​တော်​မူခြင်း​အ​ကြောင်း​ကို ကောင်း​ကင်​တို့​သည် ထင်​ရှား​စွာ ပြ​ကြ​လိမ့်​မည်။

လူ​သည် မိုက်​သော​သ​ဘော​ကြောင့်၊ လမ်း​လွဲ၍ စိတ်​ထဲ​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​တတ်၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။

တ​ရား​သော​သူ​သည် တ​ရား​သော​အ​မှု​ကို​ပယ်၍ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လျှင်၊ ထို​အ​မှု​ကြောင့် သေ​ရ​မည်။ ပြု​မိ​သော​အ​ဓ​မ္မ​အ​မှု​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည် မ​ဟုတ်​လော။

သို့​သော်​လည်း၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​စီ​ရင်​ချက် မ​ဖြောင့်​ပါ​တ​ကား။

သို့​သော်​လည်း၊ သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​အ​သီး​အ​သီး ပြု​ကြ​သည်​အ​တိုင်း ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြို့​အ​လယ်၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ၏။ မ​တ​ရား​သော အ​မှု​ကို ပြု​တော်​မ​မူ။ နံ​နက်​အ​စဉ်​အ​တိုင်း မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို မ​ချွတ်​မ​ယွင်း ဖော်​ပြ​တော်​မူ၏။ သို့​သော်​လည်း၊ အ​ဓ​မ္မ​လူ​တို့​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ကြ။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။-

ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။-

ငါ​တို့၏ မ​တ​ရား​သော​အ​မှု​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​လျှင်၊ အ​ဘယ်​သို့​ဆို​ရ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ဒဏ်​ပေး​တော်​မူ​လျှင်၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​ဆို​သော် လူ​သ​ဘော​အ​တိုင်း ငါ​ဆို​သ​တည်း။-

ဘု​ရား​သ​ခင်​ကို ငြင်း​ဆန်​သော အ​ချင်း​လူ၊ သင်​သည်​ကား အ​ဘယ်​သူ​နည်း။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​အား၊ အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​လုပ်​သ​နည်း​ဟု ဆို​ရ​မည်​လော။-

ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ