Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 17:9

Judson Bible

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ထို​အ​ပင်​သည် ကောင်း​စား​ရ​မည်​လော။ ညှိုး​နွမ်း​စေ​ခြင်း​ငှာ အ​မြစ်​ကို​နုတ်၍ အ​သီး​ကို​ဆွတ်​ရ​မည် မ​ဟုတ်​လော။ ပေါက်​လေ​သ​မျှ​သော အ​ရွက်​တို့​သည် ညှိုး​နွမ်း​ရ​ကြ​လိမ့်​မည်။ အ​မြစ်​နှင့်​တ​ကွ သုတ်​သင်​ပယ်​ရှင်း​ခြင်း အ​မှု​ကို​ပြီး​စေ​ခြင်း​ငှာ ကြီး​သော​တန်​ခိုး၊ များ​ပြား​သော​အ​လုံး​အ​ရင်း​ကို အ​လို​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​သည်၊ ငါ​တို့​တွင် ဗိုလ်​မင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ တံ​ပိုး​မှုတ်​လျက် သင်​တို့​တစ်​ဖက်၌ နှိုး​ဆော်​ခြင်း​ငှာ၊ ငါ​တို့​တွင်​ရှိ​ကြ၏။ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​တိုက်​ကြ​နှင့်။ တိုက်​လျှင် ရှုံး​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။

နက်​ဖြန်​နံ​နက်​စော​စော​ထ၍၊ တေ​ကော​တော​သို့ ထွက်​သွား​ကြ၏။ သွား​ကြ​စဉ်​တွင်၊ ယော​ရှ​ဖတ်​သည် ရပ်၍၊ အို​ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် တည်​ကြည်​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​တော်​တို့​ကို ယုံ​ကြည်​ကြ​လော့။ သို့​ပြု​လျှင် အောင်​မြင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဇေ​ဒ​ကိ​ကို​လည်း ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ နေ​ရ​လိမ့်​မည်။ သင်​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို စစ်​တိုက်၍ မ​နိုင်​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် အ​ဘယ်​ကြောင့် ပ​ရော​ဖက်​ပြု၍ ဟော​သ​နည်း​ဟု​ဆို၍ ထောင်​ထဲ​မှာ​လှောင်​ထား​သ​တည်း။

ထို​မျှ​မ​က၊ သင်​တို့​ကို​စစ်​တိုက်​သော ခါ​လ​ဒဲ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို သင်​တို့​သည် လုပ်​ကြံ​သ​ဖြင့်၊ သူ​တို့​တွင် ဒဏ်​ချက်​ထိ​သော သူ​သက်​သက်​ကျန်​ကြွင်း​သော်​လည်း၊ သူ​တို့​သည် အ​သီး​အ​သီး​မိ​မိ​တို့​ထဲ၌​ထ၍၊ ဤ​မြို့​သို့ မီး​ရှို့​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

စိုက်​လျက်​ရှိ၍ ကောင်း​စား​ရ​မည်​လော။ အ​ရှေ့​လေ​တိုက်​သော​အ​ခါ အ​ကုန်​အ​စင်​ညှိုး​နွမ်း​ရ​မည် မ​ဟုတ်​လော။ ကြီး​ပွား​သော​လယ်​ကွက်၌ ညှိုး​နွမ်း​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍ အ​သီး​ကို​သီး​သ​ဖြင့်၊ သန်​မြန်​သော စ​ပျစ်​နွယ်​ပင်​ဖြစ်​စေ​ခြင်း​ငှာ ရေ​များ​ရာ​အ​ရပ်၊ မြေ​ကောင်း​သော​လယ်​ကွက်၌ ထို​အ​ပင်​ကို စိုက်​လေ​ပြီ။

အာ​ရဇ်​ပင်​အ​ရပ်​နှင့်​အ​မျှ​မြင့်၍ သ​ပိတ်​ပင်​ကဲ့​သို့ ခိုင်​မာ​သော အာ​မော​ရိ​အ​မျိုး​ကို သင်​တို့​ရှေ့​မှာ ငါ​ပယ်​ရှား၍၊ အ​ထက်၌ သူ၏​အ​သီး​ကို​လည်း​ကောင်း၊ အောက်၌ သူ၏​အ​မြစ်​ကို​လည်း​ကောင်း ငါ​ဖျက်​ဆီး​ပြီ။

မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​အ​ကြံ မ​ထ​မြောက်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ