ယေဇကျေလ 17:10Judson Bibleစိုက်လျက်ရှိ၍ ကောင်းစားရမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွားသောလယ်ကွက်၌ ညှိုးနွမ်းရလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွားလိမ့်မည်။ ငါအကြည့်အရှု မလာမီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို၊ သင်သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟုဆို၍ ထောင်ထဲမှာလှောင်ထားသတည်း။
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှာ အမြစ်ကိုနုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှာ ကြီးသောတန်ခိုး၊ များပြားသောအလုံးအရင်းကို အလိုမရှိ။