Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 15:6

Judson Bible

ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တော​သစ်​ပင်​တွင် မီး​မွေး​စ​ရာ​ထင်း​ဖို့ ငါ​အပ်​သော စ​ပျစ်​နွယ်​သား​ကဲ့​သို့၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​အပ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။

ထို​လူ​မျိုး​များ​ဟူ​မူ​ကား၊ ယ​နေ့​ရှိ​သည်​အ​တိုင်း လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ သောက်​ရ​သော ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​ပြည်​သား၊ ယု​ဒ​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ၊

ခြင်္သေ့​သည် မိ​မိ​နေ​ရာ​ခြုံ​ထဲ​က ထွက်​လာ​ပြီ။ တိုင်း​နိုင်​ငံ​တို့​ကို ဖျက်​ဆီး​သော​သူ​သည် လမ်း၌​လာ​ဆဲ​ရှိ၏။ သင်၏​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ​သည် မိ​မိ​နေ​ရာ​မှ ထွက်​လာ​သည်​ဖြစ်၍၊ သင်၏​မြို့​တို့​သည် လူ​မ​နေ​နိုင်​အောင်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်၊ သစ်​ပင်၊ မြေ​အ​သီး​အ​နှံ​အ​ပေါ်​မှာ ငါ​သည် ဒေါ​သ​အ​မျက်​မီး​ကို သွန်း​လောင်း၍၊ ထို​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​လိမ့်​မည်။

အ​ချင်း​လူ​သား၊ သစ်​တော၌ သစ်​ခက် သာ​မ​ည​ဖြစ်​သော စ​ပျစ်​နွယ်​သား​သည် အ​ခြား​သော​သစ်​သား​ထက် မြတ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။

ထင်း​ဖို့ မီး​ထဲ​သို့​ချ​တတ်၏။ မီး​သည်​လည်း အ​ရင်း​အ​ဖျား​အ​လယ်​ကို လောင်​တတ်၏။ အ​သုံး​ဝင်​တတ်​သ​လော။

မီး​မ​လောင်​မီ အ​သုံး​မ​ဝင်​လျှင်၊ မီး​လောင်၍​ကျွမ်း​ပြီး​မှ အ​သုံး​မ​ဝင်​ဟု သာ၍​ဆို​ဖွယ်​ရှိ​သည် မ​ဟုတ်​လော။

သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို​ထား​မည်။ သူ​တို့​သည် မီး​တစ်​ပုံ​မှ​ထွက်၍ တစ်​ပုံ၌​လောင်​လိမ့်​မည်။ သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို ထား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

ငါ၏ ကျွန်​ပ​ရော​ဖက်​တို့၌ ငါ​မှာ​ထား​သော ငါ၏​ပ​ညတ်​စ​ကား​တို့​သည် သင်​တို့ ဘိုး​ဘေး​များ​ကို​မီ​ကြ​ပြီ မ​ဟုတ်​လော။ သူ​တို့​သည် သ​တိ​ရ၍ ငါ​တို့​ကျင့်​ကြံ​ပြု​မူ​သည်​နှင့်​အ​လျောက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ စီ​ရင်​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ