Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 15:7

Judson Bible

သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို​ထား​မည်။ သူ​တို့​သည် မီး​တစ်​ပုံ​မှ​ထွက်၍ တစ်​ပုံ၌​လောင်​လိမ့်​မည်။ သူ​တို့​တစ်​ဖက်၌ ငါ​သည် မျက်​နှာ​ကို ထား​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ဟာ​ဇေ​လ​ဓား​နှင့် လွတ်​သော​သူ​ကို ယေ​ဟု​သတ်​လိမ့်​မည်။ ယေ​ဟု​ဓား​နှင့် လွတ်​သော​သူ​ကို ဧ​လိ​ရှဲ​သတ်​လိမ့်​မည်။

ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တို့​ကား၊ မြေ​ကြီး​ပေါ်​မှာ အောက်​မေ့​စ​ရာ အ​မှတ်​မျှ​မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​ထား​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။

ကြောက်​လန့်​ဖွယ်​သော​အ​ရာ​မှ ပြေး​သော​သူ​သည် မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ လွတ်​သော​သူ​သည် ကျော့​ကွင်း၌ ကျော့​မိ​လိမ့်​မည်။ ကောင်း​ကင်​ပြွန်​ဝ​ပွင့်​လျက်​ရှိ၍၊ မြေ​ကြီး​အ​မြစ်​လည်း လှုပ်​ရှား​လေ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ကျေး​ဇူး​ပြု၍၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​သည်​ဖြစ်၍၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် မီး​ရှို့​လိမ့်​မည်။

သင်​တို့​သည် ဓား​ဖြင့်​ဆုံး​ရှုံး​ကြ၍၊ ဣ​သ​ရေ​လ​ပြည်​စွန်း​မှာ ငါ​စစ်​ကြော​စီ​ရင်​သ​ဖြင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

ထို​သူ​တစ်​ဖက်၌ ငါ​သည်​မျက်​နှာ​ထား၍ သူ့​ကို​နိ​မိတ်​ဖြစ်​စေ​မည်။ စ​ကား​ပုံ​လည်း ဖြစ်​စေ​မည်။ ထို​သူ​ကို ငါ၏​လူ​တို့​အ​ထဲ​မှ ပယ်​ရှား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တော​သစ်​ပင်​တွင် မီး​မွေး​စ​ရာ​ထင်း​ဖို့ ငါ​အပ်​သော စ​ပျစ်​နွယ်​သား​ကဲ့​သို့၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ငါ​အပ်​မည်။

သို့​ရာ​တွင်၊ ဒေါ​သ​အ​ရှိန်​အား​ဖြင့် နုတ်၍ မြေ​ပေါ်​မှာ လှဲ​ချ​လေ​ပြီ။ အ​ရှေ့​လေ​သည်​တိုက်၍ အ​သီး​ကို ပိန်​ခြောက်​စေ၏။ ခိုင်​ခံ့​သော​တံ​ဖျာ​တို့​သည်​ကျိုး၍ သွေ့​ခြောက်​သ​ဖြင့်၊ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။

ငါ့​ကို​ပုန်​ကန်၍ ပြစ်​မှား​သော​သူ​တို့​ကို သင်​တို့​ထဲ​က​နုတ်​ပယ်​မည်။ သူ​တို့​သည် တည်း​နေ​သော​ပြည်​မှ ထွက်​သွား​ရ​သော်​လည်း၊ ဣ​သ​ရေ​လ​ပြည်​သို့ မ​ဝင်​ကြ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

သင်​တို့၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ၊ ကျိန်​ဆို​သော ဣ​သ​ရေ​လ​ပြည်​သို့ သင်​တို့​ကို ဆောင်​သွင်း​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့၏​ဒု​စ​ရိုက်​များ၊ သင်​တို့​ဆိုး​ညစ်​သော အ​ကျင့်​များ​နှင့်​အ​ညီ၊ ငါ​သည် သင်​တို့​ကို​မ​စီ​ရင်။ ကိုယ်​နာ​မ​ကို​ထောက်၍ စီ​ရင်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပြည်​သား​တို့​သည် ပြု​မိ​သော စက်​ဆုပ်​ဖွယ်​အ​မှု အ​လုံး​စုံ​တို့​ကြောင့်၊ ထို​ပြည်​ကို ငါ​သုတ်​သင် ပယ်​ရှင်း​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။

ငါ​သည် ကိုယ်​တိုင်​သင့်​တစ်​ဖက်၌ နေ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။

သင်​တို့​အ​လယ်၌ သူ​ရဲ​တို့​သည် လဲ၍​သေ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ငါ​သည် နှ​မြော​စုံ​မက်​ခြင်း​မ​ရှိ​ဘဲ သင့်​အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​ပြု​မိ​သော ရွံ​ရှာ​ဖွယ်​အ​မှု​တို့​သည် သင်၏​အ​လယ်၌ တည်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

သင်​တို့​ကို ငါ​မျက်​နှာ​ထား၍၊ ရန်​သူ​ရှေ့​မှာ​ဆုံး​စေ​မည်။ သင်​တို့​သည် ရန်​သူ၏ အုပ်​စိုး​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း၊ ပြေး​ကြ​လိမ့်​မည်။

လူ​သည် ခြင်္သေ့​ရှိ​ရာ​မှ​ပြေး၍ ဝံ​ကို​တွေ့​သ​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​ထဲ​သို့​ဝင်၍ ထ​ရံ​ကို​မှီ​စဉ် မြွေ​ကိုက်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ