ယေဇကျေလ 13:6Judson Bibleအချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရား မိန့်တော်မူသည်ဟု ဆိုလျက်၊ လှည့်စား၍ ပရောဖက်ပြုကြပြီ။ ကိုယ်စကားပြည့်စုံမည်ဟု သူတစ်ပါးယုံစေခြင်းငှာ ပြုကြပြီ။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သောဆရာတို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကိုမြင်သည်အတိုင်း ဟောပြောတတ်ကြ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ နဟေလံရွာသားရှေမာယနှင့် သူ၏အမျိုးကို ငါသည်ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏ လူတစ်ယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတ္တံ့သော ကျေးဇူးကို သူသည်မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။
သူတို့ကဲ့ရဲ့ခြင်းကိုလည်းကောင်း ရည်မှတ်၍မိန့်တော်မူသောစကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသော အဓမ္မလူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကို နေရာကျစေခြင်းငှာ၊ သင့်အဖို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသားစကားကို ဟောပြောစဉ်တွင်၊ ဓားတော်သည် လုပ်ကြံဖို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဖို့ရာ အရောင်တောက်သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။