Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 13:5

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရောက်​မှ စစ်​တိုက်၍ ခံ​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​သည် မြို့​ရိုး​ပျက်​အ​ပေါ်​သို့ တက်၍၊ ပြု​ပြင်​ခြင်း​အ​မှု​ကို မ​ပြု​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဘု​ရား​သ​ခင်၏ လက်​ရုံး​ကဲ့​သို့​သော လက်​ရုံး​ရှိ​သ​လော။ ဘု​ရား​သ​ခင်၏ အ​သံ​ကဲ့​သို့​သော​အ​သံ​နှင့် မိုး​ချုန်း​နိုင်​သ​လော။

ထို​အ​ခါ ရွေး​ကောက်​တော်​မူ​သော​မော​ရှေ​သည် အ​မျက်​တော်​ကို​လွှဲ၍၊ ထို​သူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​စေ​ခြင်း​ငှာ၊ ဖျက်​ဆီး​ရာ​အ​ရပ်၊ ရှေ့​တော်၌​မ​ရပ်​လျှင်၊ သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ၏။

ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ၊ ရှေ့​တော်၌ အ​ဘယ်​သူ​ရပ်​နေ​နိုင်​ပါ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် နီး​သော​ကြောင့်၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ အ​န​န္တ​တန်​ခိုး​ရှင်​စီ​ရင်​တော်​မူ​သော ဘေး​အ​န္တ​ရာယ်​ကဲ့​သို့ လာ​လိမ့်​မည်။

ထို​ပြည်​ကို ဖျက်​ဆီး၍၊ အ​ပြစ်​ကြီး​သော ပြည်​သူ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကြမ်း​ကြုတ်​သော နေ့​ရက်​သည် ပြင်း​ထန်​သော​ဒေါ​သ အ​မျက်​ထွက်​လျက်​လာ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​ကာ​လ​သည် ကြီး​မြင့်​သော​အ​ရာ​နှင့် မို​မောက်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဆီး​တား၍၊ သူ​တို့​သည် နှိမ့်​ချ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ငါ့​အ​မျက် ငြိမ်း​ပြီ။ ဆူး​ပင်​မျိုး​ကို​မူ​ကား၊ စစ်​ပွဲ၌ ငါ​တွေ့​ပါ​စေ​သော။ ချက်​ချင်း​တိုက်၍ တစ်​ပြိုင်​နက်​မီး​ရှို့​မည်။

ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​တော်​မူ​ရာ​နေ့၊ ဇိ​အုန်​မြို့၏ အ​မှု​ကို​စောင့်၍ အ​ပြစ်​ပေး​တော်​မူ​ရာ​နှစ် ရောက်​လေ​ပြီ။

သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။

ထို​သူ​တို့​သည် ငါ​နှင့် တိုင်​ပင်​ဘက်​ပြု​လျှင်၊ ငါ့​စ​ကား​ကို ငါ၏​လူ​မျိုး​အား​ဆင့်​ဆို၍၊ ငါ၏​လူ​မျိုး​ကို မ​တ​ရား​သော​လမ်း​မှ​လည်း​ကောင်း၊ မ​ကောင်း​သော အ​ကျင့်​ဓ​လေ့​မှ​လည်း​ကောင်း လွဲ​သွား​စေ​ကြ​ပြီ။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ၍၊ ပ​ရော​ဖက်​မှန်​လျှင်၊ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း ကျန်​ကြွင်း​သေး​သော တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ၍​မ​သွား​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ပ​ရော​ဖက်​တို့​သည် တော၌​နေ​သော မြေ​ခွေး​နှင့်​တူ​ကြ၏။

ထို​ပြည်​ကို ငါ​မ​ဖျက်​ဆီး​စေ​ခြင်း​ငှာ ကွယ်​ကာ​သော​သူ၊ မြို့​ရိုး​ပျက်​ပေါ်​မှာ​ရပ်၍ ဆီး​တား​သော​သူ တစ်​ယောက်​ကို​မျှ ငါ​ရှာ၍​မ​တွေ့။

ထို​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နေ့၊ မိုး​အုံ့​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​ဖို့ ချိန်း​ချက်​သော​အ​ချိန်​နီး​ပြီ။

သူ​တို့​ငွေ​ကို လမ်း​သို့​ပစ်၍၊ ရွှေ​ကို ညစ်​ညူး​သော​အ​ရာ​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ၌၊ သူ​တို့ ရွှေ​ငွေ​သည် သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ မ​တတ်​နိုင်။ သူ​တို့ အ​လို​ဆ​န္ဒ​ကို မ​ဖြေ​နိုင်။ ဝ​စွာ မ​ကျွေး​နိုင်။ အ​ကြောင်း​မူ​ကား၊ ထို​ရွှေ​ငွေ​သည် သူ​တို့​ထိ​မိ၍ မှား​ယွင်း​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။

ထို​နေ့​ရက်​ကြောင့် အ​မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​နီး​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင် ဖျက်​ဆီး​ခြင်း ဘေး​ကဲ့​သို့ ရောက်​လာ​လိမ့်​မည်။

ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ သန့်​ရှင်း​သော ငါ​တောင်​ပေါ်​မှာ သ​တိ​ပေး​သော အ​သံ​ကို ပြု​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ၍ နီး​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။

ကွပ်​မျက်​ရာ​ချိုင့်၌ လူ​များ​စည်း​ဝေး​လျက်၊ လူ​များ​စည်း​ဝေး​လျက် ရှိ​ကြ၏။ ကွပ်​မျက်​ရာ​ချိုင့်၌ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ရောက်​လု​နီး​ပြီ။

ယ​ခု​မှာ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ကြ​ပါ​လော့။ သင်​တို့​လက်​ခံ​သော​ကြောင့် ဤ​သို့ ပြု​တတ်​ကြ၏။ သင်​တို့​မျက်​နှာ​ကို ထောက်​ရ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ကြောက်​မက်​ဖွယ်​သော​နေ့​ရက်​ကြီး မ​ရောက်​မီ၊ ပ​ရော​ဖက်​ဧ​လိ​ယ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏​နေ့​ရက်​သည် လာ​လိမ့်​မည်​ကို သင်​တို့​သည် သေ​ချာ​စွာ​သိ​ကြ၏။-

သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။

နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​ပြ​သော နတ်​ဆိုး၏​ဝိ​ညာဉ် ဖြစ်​သ​တည်း။ ထို​ဝိ​ညာဉ်​တို့​သည် လော​ကီ​တစ်​နိုင်​ငံ လုံး​တွင်​ရှိ​သော ရှင်​ဘု​ရင်​တို့​ထံ​သို့ ထွက်​သွား၍ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်၏ နေ့​ကြီး၌ စစ်​တိုက်​ခြင်း​အ​လို​ငှာ စု​ဝေး​စေ​ကြ၏။-

အ​မျက်​တော် ထင်​ရှား​သော​နေ့​ကြီး ရောက်​ပါ​ပြီ​တ​ကား။ အ​ဘယ်​သူ​သည် ခံ​ရပ်​နိုင်​မည်​နည်း​ဟု ပြော​ဆို​ကြ၏။

ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ