သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာပရိကံများကို ထုတ်သွားလော့။
ခါလဒဲ လူတို့သည် မြို့ရိုးကိုဖြိုဖောက်၍ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့သည် ညအခါပြေး၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ်တော်နား တံခါးဝဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
လူဆိုးတို့သည် ညအချိန်၌ သူတစ်ပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။
နေရာပြောင်းစရာဖို့ ပြင်ဆင်သော ဥစ္စာပရိကံများကဲ့သို့၊ သင်၏ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွားရမည်။
ညဉ့်ဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှာ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊