Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 11:9

Judson Bible

ငါ​သည် သင်​တို့​ကို မြို့​ထဲ​က​ထုတ်​ပြီး​လျှင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏ လက်​သို့​အပ်၍ အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဘိုး​ဘေး​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​အ​ပြစ်​ကြောင့် ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​မှ​စ၍၊ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​တိုင်​အောင် ခံ​သ​ကဲ့​သို့၊ တစ်​ပါး​အ​မျိုး​သား ရှင်​ဘု​ရင်​လက်​သို့ အပ်​ခြင်း၊ အ​သေ​သတ်​ခြင်း၊ သိမ်း​သွား​ခြင်း၊ လု​ယက်​ခြင်း၊ မျက်​နှာ​ပျက်​ခြင်း​ကို ခံ​ရ​ပါ၏။

ထို​အ​ခါ ဖိ​န​ဟတ်​သည်​ထ၍ တ​ရား​စီ​ရင်​သ​ဖြင့်၊ ကာ​လ​နာ​သည် ငြိမ်း​လေ၏။

သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ မုန်း​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ၏။

အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။

ထို​ကြောင့် သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍၊ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ ငါ​စေ​လွှတ်​သော​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ရိ​ဗ​လ​မြို့​မှာ ဇေ​ဒ​ကိ​သား​တို့​ကို အ​ဘ​မျက်​မှောက်၌ သတ်​လေ၏။ ယု​ဒ​မှူး​မတ်​အ​ပေါင်း​ကို​လည်း သတ်​လေ၏။

ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ထား​သော သူ​ရဲ​တို့​သည် အ​မဲ​သား​ဖြစ်၏။ ဤ​မြို့​သည် အိုး​ကင်း​ဖြစ်၏။ သို့​သော်​လည်း၊ သင်​တို့​ကို မြို့​ထဲ​က​ငါ​ထုတ်​မည်။

မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။

သင့်​အိမ်​တို့​ကို​လည်း မီး​ရှို့၍ များ​စွာ​သော မိန်း​မ​တို့​ရှေ့​မှာ သင့်​ကို အ​ပြစ်​ဒဏ်​ပေး​ကြ​သ​ဖြင့်၊ သင်​သည် နောက်​တစ်​ဖန် ပြည့်​တန်​ဆာ​မ​လုပ်​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ နောက်​တစ်​ဖန် သင်​သည် သူ​တစ်​ပါး​တို့​ကို မ​ငှား​ရ။

သင့်​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို​ငါ​သွန်း​လောင်း​မည်။ ငါ့​ဒေါ​သ​မီး​ဖြင့် သင့်​ကို​မှုတ်​မည်။ ကြမ်း​တမ်း​သော​သ​ဘော​ရှိ၍ ဖျက်​ဆီး​တတ်​သော လူ​တို့​လက်​သို့ အပ်​မည်။

ထို​သို့ အဲ​ဂု​တ္တု​ပြည်၌ ငါ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်၏​အ​လယ်၌ အ​ဘ​တို့​သည် သား​တို့​ကို စား​ကြ​လိမ့်​မည်။ သား​တို့​သည်​လည်း အ​ဘ​တို့​ကို စား​ကြ​လိမ့်​မည်။ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်၍၊ ကျန်​ကြွင်း​သ​မျှ​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်​မည်။

ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည် ကိုယ်​တိုင်​သင့်​တစ်​ဖက်၌ နေ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။

သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။-

မင်း​သည်​ကား၊ သင်၏​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ကြောက်​ခြင်း ရှိ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ မင်း​သည်​အ​ချည်း​နှီး ဓား​ကို​ဆောင်​သည်​မ​ဟုတ်။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​ကို အ​ပြစ်​တ​ရား​စီ​ရင်၍ ရာ​ဇ​ဝတ်​ပေး​ပိုင်​သော သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်​သ​တည်း။-

ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ချီး​မြှောက်​သော​ရှင်​ဘု​ရင်​ကို သင်​နှင့် သင့်​ဘိုး​ဘေး​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော လူ​မျိုး​ရှိ​ရာ​သို့ ဆောင်​သွား​တော်​မူ​သ​ဖြင့်၊ သင်​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ