Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 11:8

Judson Bible

သင်​တို့​သည် ဓား​ကို​ကြောက်​သည်​ဖြစ်၍၊ ငါ​သည် ထို​ဓား​ကို သင်​တို့​အ​ပေါ်​သို့ ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သံ​လက်​နက်​ကို ရှောင်၍​ပြေး​သော်​လည်း၊ ကြေး​ဝါ​လေး​ဖြင့် ထုတ်​ချင်း​ခွင်း​လိမ့်​မည်။

ငါ​ကြောက်​သော​အ​မှု​သည် ငါ၌​ရောက်​လာ​ပြီ။ ငါ​အ​လွန်​ကြောက်​သော​ဘေး​သည် ငါ့​ကို​တွေ့​မိ​ပြီ။

မ​တ​ရား​သော​သူ ကြောက်​တတ်​သော​အ​မှု​သည် သူ့​အ​ပေါ်​သို့​ရောက်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ တောင့်​တ​သော​အ​ကျိုး​ကို​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်။

ငါ​သည်​လည်း၊ သူ​တို့​ဖို့ ဘေး​ဥ​ပဒ်​များ​ကို ရွေး​မည်။ သူ​တို့​ကြောက်​သော​အ​မှု​ကို ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​သူ​မျှ​မ​ထူး။ ငါ​ပြော​သော​အ​ခါ သူ​တို့​သည် နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်၍၊ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ​၏။

အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ တည်း​ခို​ခြင်း​ငှာ မျက်​နှာ​ပြု​သော​သူ အ​ပေါင်း​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြ​င့် သေ​ကြ​လိ​မ့်​မည်။ သူ​တို့​အ​ပေါ်​သို့ ငါ​ရောက်​စေ​သော ဘေး​ဒဏ်​နှ​င့် တစ်​ယောက်​မျှ​မ​လွတ်​ရ။ ကျန်​ကြွင်း​သော​လူ တစ်​ယောက်​မျှ​မ​ရှိ​ရ။

သူ့​ကို ဤ​သို့​အ​လွတ်​ထား​လျှင် လူ​ခပ်​သိမ်း​တို့​သည် ယုံ​ကြည်​ကြ​လိမ့်​မည်။ ရော​မ​လူ​တို့​သည်​လည်း လာ၍ ငါ​တို့​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ငါ​တို့​အ​မျိုး​ကို​လည်း​ကောင်း သုတ်​သင်​ပယ်​ရှင်း​ကြ​လိမ့်​မည်​ဟု ပြော​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ