Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 10:6

Judson Bible

ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​အား​လည်း၊ ရ​ထား​ဘီး​အ​ကြား​ထဲ​က မီး​ကို​ယူ​လော့​ဟု မိန့်​တော်​မူ​သော​အ​ခါ၊ ထို​သူ​သည်​ဝင်၍ ဘီး​တို့​အ​နား၌ ရပ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သိုး​စု​ကို ပို့​ဆောင်​သ​ကဲ့​သို့ ယော​သပ်​အ​မျိုး​ကို ပို့​ဆောင်​တော်​မူ​သော ဣ​သ​ရေ​လ​သိုး​ထိန်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ​တော်​မူ၏။ လူ​များ​တို့​သည် တုန်​လှုပ်​ခြင်း​ရှိ​ကြ​စေ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ၏။ မြေ​ကြီး​သည် လှုပ်​ရှား​ခြင်း​ရှိ​စေ။

ပိတ်​အ​ဝတ်​ကို​ဝတ်​သော သူ​အား​လည်း၊ ရ​ထား​ဘီး​တို့​အ​ကြား​မှာ ခေ​ရု​ဗိမ်​အောက်​သို့ ဝင်​လော့။ ခေ​ရု​ဗိမ် အ​ကြား​မှာ​ရှိ​သော မီး​ခဲ​တို့​ကို လက်​နှစ်​ဖက်​နှင့် ကျုံး​ပြီး​လျှင်၊ မြို့​အ​ပေါ်​မှာ ဖြန့်​ကြဲ​လော့​ဟု မိန့်​တော်​မူ​သည် အ​တိုင်း၊ ထို​သူ​သည် ငါ့​မျက်​မှောက်၌ သွား၏။

အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင် မိန့်​မြွက်​တော်​မူ​သော အ​သံ​ကဲ့​သို့ ခေ​ရု​ဗိမ်​အ​တောင်​တို့၏ အ​သံ​ကို​ကြား​ရ၏။

ခေ​ရု​ဗိမ်​တစ်​ပါး​သည် ခေ​ရု​ဗိမ်​စု​ထဲ​က လက်​ကို​ဆန့်၍၊ ခေ​ရု​ဗိမ်​အ​ကြား​မှာ​ရှိ​သော မီး​ကို​ယူ​ပြီး​လျှင်၊ ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​လက်၌ ထည့်၏။ ထို​သူ​လည်း​ခံ​ယူ၍ ထွက်​သွား၏။

ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ