အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူသော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့၏ အသံကိုကြားရ၏။
တံတိုင်းကြီး ပြင်ဘက်တိုင်အောင်လည်းကောင်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်လည်းကောင်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဖက်စလုံး လွှနှင့်တိုက်သောကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။
ယဇ်ပုရောဟိတ်တံတိုင်း၊ ပြင်တံတိုင်းကြီး၊ တံတိုင်းတံခါးရွက်များကိုလည်း လုပ်၍ တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။
သင်သည် ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သောအသံနှင့် မိုးချုန်းနိုင်သလော။
အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသောအသံဖြစ်၏။
မိုးတိမ်တို့သည် ရေကိုသွန်းလောင်း၍၊ မိုးကောင်းကင်တို့လည်း အသံဗလံပြုကြပါ၏။ ကိုယ်တော်၏မြားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ၏။
သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာမိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့်တကွ မိုးတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။
တံပိုးမြည်သံသည်ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့်ထူးတော်မူ၏။
တစ်ဖန် ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။
သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ အသံတော်ကဲ့သို့လည်းကောင်း၊ အတောင်တို့ မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကိုချလျက်နေကြ၏။
ပိတ်အဝတ်ကို ဝတ်သောသူအားလည်း၊ ရထားဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည်ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
ထိုနောက်၊ ငါ့ကို ပြင်တံတိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။
တစ်ဖန် ပြင်တံတိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တံတိုင်းထောင့် လေးထောင့်တို့ကို လျှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တံတိုင်းငယ် တစ်ခုစီရှိသည်ကို ငါမြင်၏။