ယောရှုသည် ဂိလဂါလမြို့မှ တစ်ညလုံးချီသွား၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊
ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။
ထိုသို့အလိုငှာ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကို သည်းခံလော့၊-
နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။-
ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားရှေ့မှာရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသောလုပ်ကြံခြင်းအားဖြင့်သတ်၍၊ ဗေသောရုံမြို့သို့သွားသောလမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။
ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစ်စုံတစ်ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအားမိန့်တော်မူ၏။
ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့်တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍တိုက်လေ၏။