Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 10:8

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ သင်၏​လက်၌ ငါ​အပ်​မည်။ သင့်​ရှေ့​မှာ လူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ခံ​မ​ရပ်​နိုင်​ရာ​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ပ​ရော​ဖက်​တစ်​ပါး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ထံ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို မြင်​ပြီ​လော။ သင့်​လက်၌ ယ​နေ့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို​ဆင့်​ဆို၏။

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ့​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌​ငါ​အပ်​ပေး​မည်။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု ငါ့​အား မိန့်​တော်​မူ၏။

သူ​တို့​ရှင်​ဘု​ရင်​များ​ကို​လည်း သင့်​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ဘွဲ့​နာ​မ​ကို​ပင် ကောင်း​ကင်​အောက်​မှာ ပယ်​ရှင်း​ရ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ရာ။

ယော​ရှု​က​လည်း သင်​တို့​တိုက်​ရ​သော ရန်​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ကဲ့​သို့​ပြု​တော်​မူ​မည်​ဖြစ်၍ မ​ကြောက်​ကြ​နှင့်၊ စိတ်​မ​ပျက်​ကြ​နှင့်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု ဆို​ပြီး​မှ၊

ယော​ရှု​သည် ဂိ​လ​ဂါ​လ​မြို့​မှ တစ်​ည​လုံး​ချီ​သွား၍၊ ရန်​သူ​တို့​ကို အ​မှတ်​တ​မဲ့​တိုက်​လာ​သ​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည် နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ၊ ထို​သူ​အ​ပေါင်း​တို့​ကို အ​သေ​အပ်​မည်။ မြင်း​တို့၏ ခြေ​ကြော​ကို​ဖြတ်​ရ​မည်။ ရ​ထား​တို့​ကို​မီး​ရှို့​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သင်၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို​ခေါ်၍ အာ​ဣ​မြို့​သို့ ထ​သွား​လော့။ အာ​ဣ​မင်း​ကြီး​နှင့် သူ့​လူ​များ၊ သူ့​မြို့၊ သူ့​မြေ​ကို သင့်​လက်၌​ငါ​အပ်​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ထ​လော့။ ရန်​သူ​တပ်​ချ​ရာ​သို့ ချီ​သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ