ငါ့ကိုယ်ကို မိုးပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊
ငါသည် လမ်းလွှဲမိသော်လည်းကောင်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့ လိုက်မိသော်လည်းကောင်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်လည်းကောင်း၊
သင်က၊ ငါသည် အဘယ်အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏။
ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ်ကိုရွံလိမ့်မည်။
ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊
အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာတော်ကိုလွှဲ၍၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော်မူပါ။
မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏ အဓမ္မအကြံအစည်တို့သည် အဘယ်မျှကာလပတ်လုံး သင်၏အထဲ၌ တည်နေရမည်နည်း။
ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှာ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ။-
ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။-