ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစားရမည်နည်း။
ဘုရားသခင်ကို လျှောက်ရသောစကား ဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော်မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက် ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။
အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်ကြောင်းကို သိတော်မူ၏။
သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသောစိတ်နှင့် ဆင်ခြင်သောအရာတို့ကို ငါသိ၏။
ဘုရားသခင်သည် ငါ၌အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။
ကိုယ်အပြစ်ကို ပြေစေခြင်းငှာပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့်မည်။
ငါပြောအံ့သောစကားတစ်ချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကိုလည်းကောင်း၊ ဆိုးညစ်သောသူတို့ကိုလည်းကောင်း ဖျက်ဆီးတော်မူတတ်၏။
သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏လက်၌ ဖြောင့်မတ်သောသူကို စွန့်ပစ်တော်မူမည် မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည် မဟုတ်။
အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော်လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
ထိုသို့သော အပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏အမျက်တော်သည် ငါမှလွဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကို ငါစစ်ကြောစီရင်မည်။