Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 9:25

Judson Bible

တစ်​မြို့​မှ​တစ်​မြို့​သို့ စာ​ပို့​သော​လု​လင်​ထက်၊ ငါ့​နေ့​ရက်​တို့​သည် လျင်​မြန်၍၊ ကောင်း​ကျိုး​ကို​မ​ခံ​ရ​ဘဲ ပြေး​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ပေး​လိုက်​သော​စာ​ကို စာ​ပို့​လု​လင်​တို့​သည်​ယူ၍၊ အ​မိန့်​တော်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​သို့ ပြေး​ကြ၏။ စာ၌​ပါ​သော​စ​ကား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ပြန်​လာ​ကြ​လော့။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​လက်​မှ​လွတ်၍၊ ကျန်​ကြွင်း​သေး​သော​သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​မည်။

ထို​အ​မိန့်​တော်​စာ​ကို ရှု​ရှန်​နန်း​တော်၌ ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် ကျပ်​တည်း​စွာ စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့ လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။

လူ​သည် မိန်း​မ​ဖွား​သော​သူ ဖြစ်​သ​ဖြင့်၊ အ​သက်​တို၍ ဒု​က္ခ​နှင့်​ပြည့်​စုံ​ပါ၏။

ကိုယ်​တော်​သည် လူ​တို့​အ​ပြစ်​ကြောင့် ဆုံး​မ၍ ဒဏ်​ခတ်​တော်​မူ​လျှင်၊ ပိုး​ရွ​ဖျက်​တတ်​သ​ကဲ့​သို့၊ လူ​တို့၏ တင့်​တယ်​ခြင်း​အ​သ​ရေ​ကို ပြယ်​ပျောက်​စေ​တော်​မူ၏။ အ​ကယ်​စင်​စစ် လူ​ခပ်​သိမ်း​တို့​သည် အ​န​တ္တ​သက်​သက် ဖြစ်​ကြ​ပါ၏။

အ​ကျွန်ုပ်​အ​သက်​တာ​ကို တစ်​မိုက်​မျှ​သာ ခန့်​ထား​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ရွယ်​သည် ရှေ့​တော်၌ ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ပါ၏။ အ​ကယ်​စင်​စစ်​လူ​မည်​သည်​ကား၊ လူ၏​အ​ထွတ်​သို့ ရောက်​သော်​လည်း၊ အ​န​တ္တ​သက်​သက်​ဖြစ်​ပါ၏။

ကောင်း​မွန်​သော​အ​ရာ​ကို ငါ​တို့​အား အ​ဘယ်​သူ​ပြ​မည်​နည်း​ဟု မေး​တတ်​သော သူ​အ​များ​ရှိ​ပါ​သည်​ဖြစ်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​နှာ​တော်​အ​လင်း​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ပေါ်​ထွန်း​စေ​တော်​မူ​ပါ။

အ​ကျွန်ုပ်၏​အ​သက်​တာ​သည် အ​ဘယ်​မျှ​လောက် တို​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​မျှ​လောက် ပျက်​တတ်​စေ​ခြင်း​ငှာ၊ လူ​သား​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အောက်​မေ့​တော်​မူ​ပါ။

နက်​ဖြန်​နေ့၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို သင်​တို့​မ​သိ​ကြ။ သင်​တို့ အ​သက်​သည် အ​ဘယ်​သို့​သော​အ​ရာ ဖြစ်​သ​နည်း။ ခ​ဏ​ထင်​ရှား​ပြီး​မှ ကွယ်​ပျောက်​တတ်​သော အ​ခိုး​အ​ငွေ့​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ