Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 9:24

Judson Bible

မြေ​ကြီး​ကို လူ​ဆိုး​လက်၌​အပ်၍၊ တ​ရား​သူ​ကြီး​တို့၏ မျက်​နှာ​ကို ဖျက်​တော်​မူ၏။ သို့​မ​ဟုတ် ထို​အ​မှု​ကို စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။

ရှင်​ဘု​ရင်​သည်​လည်း မျက်​နှာ​ကို​ဖုံး၍၊ အို​ငါ့​သား အ​ဗ​ရှ​လုံ၊ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ကြီး​သော​အ​သံ​နှင့် ငို​ကြွေး​တော်​မူ၏။

သို့​ပြီး​မှ၊ မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​သို့ ပြန်​လာ၏။ ဟာ​မန်​မူ​ကား ညည်း​တွား​လျက် ခေါင်း​ကို​ခြုံ​လျက်၊ မိ​မိ​အိမ်​သို့ အ​လျင်​အ​မြန်​သွား​ပြီး​လျှင်၊

ရှင်​ဘု​ရင်​သည် ဥ​ယျာဉ်​တော်​မှ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​ရာ အ​ရပ်​သို့ ဝင်​ပြန်​သော​အ​ခါ၊ ဧ​သ​တာ​ထိုင်​သော သာ​လွန်​နား​မှာ ဟာ​မန်​သည် ပျပ်​ဝပ်​လျက်​နေ​သည်​ကို မြင်​လျှင်၊ ဤ​သူ​သည် နန်း​တော်၌ ငါ့​ရှေ့​မှာ မိ​ဖု​ရား​ကို အ​ဓ​မ္မ​ပြု​ရ​မည်​လော​ဟု မိန့်​တော်​မူ​စဉ်​တွင်၊ အ​ခြံ​အ​ရံ​တို့​သည် ဟာ​မန်၏​မျက်​နှာ​ကို ဖုံး​ကြ၏။

ကိုယ်​တော်​သည် ညှဉ်း​ဆဲ​တော်​မူ​သင့်​သ​လော။ ကိုယ်​တိုင်​ဖန်​ဆင်း​သော​အ​ရာ​ကို ရွံ​ရှာ၍၊ လူ​ဆိုး​တို့၏ အ​ကြံ​အ​စည်​ကို ကောင်း​ချီး​ပေး​တော်​မူ သင့်​သ​လော။

တိုင်​ပင်​မှူး​မတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​တော်​မူ၏။ တ​ရား​သူ​ကြီး​တို့​ကို ရူး​သွပ်​စေ​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ့​ကို မ​တ​ရား​သော​သူ​တို့​တွင် ချုပ်​ထား​တော်​မူ​ပြီ။ လူ​ဆိုး​တို့၏​လက်​သို့ အပ်​တော်​မူ​ပြီ။

ငါ​သည် ကိုယ်​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​အ​ကြောင်း​ပြု၍ မြည်​တမ်း​သော်​လည်း၊ အ​ဘယ်​သူ​မျှ​နား​မ​ထောင်။ အော်​ဟစ်​သော်​လည်း တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​မ​ရှိ။

အား​ကြီး​သော​သူ​မူ​ကား မြေ​ကို​ပိုင်​ရ၏။ ဂုဏ်​အ​သ​ရေ​ရှိ​သော​သူ​သည် နေ​ရ​သော​အ​ခွင့်​ကို​ရ၏။

လူ​တို့​သည် မြို့​ထဲ​မှာ ညည်း​တွား​ကြ၏။ နာ​သော​သူ​တို့​သည် အော်​ဟစ်​ကြ၏။ သို့​သော်​လည်း သူ​တို့​ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​သည် ပ​မာ​ဏ​ပြု​တော်​မ​မူ။

သို့​မ​ဟုတ်​လျှင်၊ ငါ၏​မု​သား​အ​ပြစ်​ကို အ​ဘယ်​သူ​ပြ​မည်​နည်း။ ငါ၏​စ​ကား​ကို အ​ဘယ်​သူ​ချေ​မည်​နည်း​ဟု မြွက်​ဆို၏။

ထို​အ​ခါ ဗု​ဇ​အ​မျိုး အာ​ရ​အ​နွယ်​ဖြစ်​သော ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု​သည် အ​မျက်​ထွက်၏။ ယော​ဘ​သည် ဘု​ရား​သ​ခင်​ထက် မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို ပြ​သော​ကြောင့်၊ ယော​ဘ​ကို အ​မျက်​ထွက်၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။

မိုး​ပြတ်၍​မြေ​အက်​ကွဲ​သော​ကြောင့်၊ လယ်​လုပ်​သော သူ​တို့​သည် ဦး​ခေါင်း​ကို​ခြုံ​လျက် ရှက်​ကြောက်​ကြ၏။

အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုတ်​မာ​သော သူ​တို့​ကို ချီး​မြှောက်၍ နိုင်​ငံ​ကို​အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း သ​တ္တ​ဝါ​တို့ သိ​နား​လည်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ သစ်​ပင်​စောင့်​တို့​သည် ဤ​သို့​စီ​ရင်​ကြ​ပြီ။ သန့်​ရှင်း​သူ​တို့​သည် အ​မိန့်​တော်​ကို ပေး​ကြ​ပြီ​ဟု ဟစ်​ကြော်​လေ၏။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ