Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 9:23

Judson Bible

ချက်​ချင်း ဘေး​တစ်​စုံ​တစ်​ခု​ရောက်​သော​အ​ခါ၊ အ​ပြစ်​မ​ရှိ​သော​သူ ခံ​ရ​သည်​အ​ကြောင်း​ကို ရယ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ပျပ်​ဝပ်​လျက်၊ အ​သက်​တစ်​ရာ​ရှိ​သော​သူ​သည် သား​ကို​ရ​လိမ့်​မည်​လော။ အ​သက်​ကိုး​ဆယ်​ရှိ​သော စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်​လော​ဟု ရယ်​လျက်၊ စိတ်​နှ​လုံး​ထဲ​မှာ​အောက်​မေ့​ပြီး​လျှင်၊

သို့​ဖြစ်၍ ကျွန်​တော်​မ​သည်​လာ၍ ဤ​အ​မှု​ကို အ​ရှင်​မင်း​ကြီး​အား လျှောက်​ရ​သည်​အ​ကြောင်း​မှာ၊ ကျွန်​တော်​မ​ကြောက်​အောင် လူ​များ​တို့​သည် ပြု​ကြ​ပါ၏။ ကိုယ်​တော်​ကျွန်​မ​က​လည်း၊ ရှင်​ဘု​ရင်​ကို ငါ​လျှောက်​မည်။ ရှင်​ဘု​ရင်​သည် ငါ​တောင်း​ပန်​သည်​အ​တိုင်း ပြု​ကောင်း​ပြု​တော်​မူ​မည်။

ကိုယ်​တော် ကျွန်​မ​က​လည်း၊ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး၏ အ​မိန့်​တော်​ကြောင့် ချမ်း​သာ​ရ​မည်။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ငါ့​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တော်​မူ၏​ဟု အောက်​မေ့​ပါ၏။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​လေ၏။

စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။

လူ​တို့​သည် မြို့​ထဲ​မှာ ညည်း​တွား​ကြ၏။ နာ​သော​သူ​တို့​သည် အော်​ဟစ်​ကြ၏။ သို့​သော်​လည်း သူ​တို့​ဆု​တောင်း​သော​စ​ကား​ကို ဘု​ရား​သ​ခင်​သည် ပ​မာ​ဏ​ပြု​တော်​မ​မူ။

အ​ပြစ်​နှင့်​ကင်း​လွတ်​လျက်​ပင် ပျက်​စီး​ခြင်း​သို့ အ​ဘယ်​သူ​ရောက်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​အ​ရပ်၌ ဆုံး​သ​နည်း​ဟု ဆင်​ခြင်​ပါ​လော့။

စုံ​လင်​သော​သူ​ကို​ကား၊ ဘု​ရား​သ​ခင် စွန့်​ပစ်​တော်​မ​မူ။ မ​တ​ရား​သ​ဖြင့်​ပြု​သော သူ​တို့​ကို​ကား မ​စ​တော်​မ​မူ။

အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော​သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏။

စုံ​စမ်း​ခြင်း​အ​မှု​ဖြစ်၏။ ဓား​တော်​သည် လှံ​တံ​ကို မ​ရို​မ​သေ​ပြု​လျှင် အ​ဘယ်​သို့​နည်း။ လှံ​တံ​ဆုံး​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ