Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 8:3

Judson Bible

ဘု​ရား​သ​ခင်​သည် မ​တ​ရား​သ​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်​လော။ အ​န​န္တ​တန်​ခိုး​ရှင်​သည် တ​ရား​ကို ဖျက်​တော်​မူ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။

သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​စိတ်​ရှိ၍ သ​တိ​ပြု​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို လက်​ခံ​ခြင်း၊ လူ​မျက်​နှာ​ကို​ထောက်​ခြင်း၊ တံ​စိုး​စား​ခြင်း အ​ခွင့်​ရှိ​တော်​မ​မူ​ဟု မှာ​ထား​တော်​မူ၏။

ကိုယ်​တော်​သည် ညှဉ်း​ဆဲ​တော်​မူ​သင့်​သ​လော။ ကိုယ်​တိုင်​ဖန်​ဆင်း​သော​အ​ရာ​ကို ရွံ​ရှာ၍၊ လူ​ဆိုး​တို့၏ အ​ကြံ​အ​စည်​ကို ကောင်း​ချီး​ပေး​တော်​မူ သင့်​သ​လော။

ဘု​ရား​သ​ခင်​သည် ငါ့​ကို​လှဲ၍ မိ​မိ​ကျော့​ကွင်း၌ ကျော့​မိ​တော်​မူ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။

ငါ​သည် ကိုယ်​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို​အ​ကြောင်း​ပြု၍ မြည်​တမ်း​သော်​လည်း၊ အ​ဘယ်​သူ​မျှ​နား​မ​ထောင်။ အော်​ဟစ်​သော်​လည်း တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​မ​ရှိ။

အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ငါ​တို့​သည် ဝတ်​ပြု​ရ​မည်​နည်း။ သူ့​ကို​ဆု​တောင်း​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​လိမ့်​မည်​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ၏။

ကိုယ်​ပျက်​စီး​ခြင်း​ကို ကိုယ်​မျက်​စိ​နှင့် မြင်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏​အ​မျက်​တော်​ကို သောက်​စိမ့်​သော​ငှာ၊ သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် ဆပ်​ပေး​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း သိ​မှတ်​ကြ​လော့။

ယော​ဘ​က၊ ငါ​ဖြောင့်​မတ်၏။ ဘု​ရား​သ​ခင်​သည် ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ၏။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​ချည်း​နှီး​သော​စ​ကား​ကို နား​ထောင်​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ထို​သို့​သော​စ​ကား​ကို မ​မှတ်​ဘဲ နေ​တော်​မူ၏။

ကြွ​တော်​မူ​ရ​သော​လမ်း​ကို အ​ဘယ်​သူ​စီ​ရင်​သ​နည်း။ ကိုယ်​တော်​သည် မ​တ​ရား​သော​အ​မှု​ကို ပြု​မိ​ပြီ​ဟု အ​ဘယ်​သူ​ဆို​ရာ​သ​နည်း။

ငါ​သည် ဝေး​သော​အ​ရပ်​က ကိုယ်​ပ​ညာ​ကို​ဆောင်​ခဲ့​မည်။ ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို ငါ​ပြ​မည်။

အ​န​န္တ​တန်​ခိုး​ရှင်​ကို ငါ​တို့​သည် စစ်၍​မ​ကုန်​နိုင်​ကြ။ အ​စွမ်း​သ​တ္တိ​အား​ဖြင့်​လည်း​ကောင်း၊ တ​ရား​စီ​ရင်​ခြင်း​နှင့် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထူး​ဆန်း​တော်​မူ၏။ အ​ဘယ်​သူ​ကို​မျှ ညှဉ်း​ဆဲ​တော်​မ​မူ။

သေ​တတ်​သော​လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​မှာ ဖြောင့်​မတ်​ခြင်း​ရှိ​ရ​သ​လော။ လူ​သ​တ္တ​ဝါ​သည် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ရှေ့​မှာ သန့်​ရှင်း​ခြင်း​ရှိ​ရ​သ​လော။

ဘု​ရား​သ​ခင်​ကို အ​ပြစ်​တင်​သော​သူ​သည် ပြန်​ပြော​စေ​တော့​ဟု ယော​ဘ​အား​မိန့်​တော်​မူ​လျှင်၊

သင်​သည် ငါ​တ​ရား​စီ​ရင်​ချက်​ကို ပယ်​မည်​လော။ သင်​သည် ကိုယ်​တိုင်​ဖြောင့်​မတ်​ဟန် ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​မည်​လော။

မှန်​ပါ၏။ ထို​စ​ကား​မှန်​ကြောင်း​ကို ငါ​သိ၏။ သို့​သော်​လည်း လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သို့​ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​သ​နည်း။

တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်​ပါ၏။ က​ရု​ဏာ​နှင့်​သ​စ္စာ​သည် မျက်​နှာ​တော်​ရှေ့၌​သွား​ကြ​ပါ၏။

တ​ရား​ကို​နှစ်​သက်​သော ရှင်​ဘု​ရင်၏​တန်​ခိုး​တော်​ကို ချီး​မွမ်း​ကြ​စေ။ ကိုယ်​တော်​သည် မှန်​သော​စီ​ရင်​ခြင်း​ကို တည်​စေ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌ တ​ရား​သ​ဖြင့်​ပြု၍၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​တော်​မူ၏။

သို့​သော်​လည်း သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး၊ ငါ​စီ​ရင်​ချက်​သည် ဖြောင့်၍၊ သင်​တို့​စီ​ရင်​ချက် ကောက်​သည်​မ​ဟုတ်​လော။

သို့​သော်​လည်း၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​စီ​ရင်​ချက် မ​ဖြောင့်​ပါ​တ​ကား။

သို့​သော်​လည်း၊ သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ချက်​မ​ဖြောင့်​ဟု ဆို​ကြ​သည်​တ​ကား။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​အ​သီး​အ​သီး ပြု​ကြ​သည်​အ​တိုင်း ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။-

ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-

ယဇ်​ပ​လ္လင်​က​လည်း၊ မှန်​ပါ၏။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​ခြင်း အ​ရာ​တို့​သည် ဟုတ်​မှန်​ဖြောင့်​မတ် ကြ​ပါ၏​ဟု လျှောက်​ဆို​သော​အ​သံ​ကို ငါ​ကြား၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ