Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 8:2

Judson Bible

သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဤ​သို့​ပြော​မည်​နည်း။ သင်​ပြော​သော​စ​ကား​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လေ​ပြင်း​ကဲ့​သို့ ဖြစ်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။

ပ​ညာ​ရှိ​သော​သူ​သည် လေ​နှင့်​တူ​သော အ​ချည်း​နှီး​စ​ကား​ကို ပြော​သင့်​သ​လော။ မိ​မိ​ဝမ်း​ကို အ​ရှေ့​လေ​နှင့် ပြည့်​စေ​သင့်​သ​လော။

အ​ချည်း​နှီး​သော​စ​ကား မ​ကုန်​နိုင်​သ​လော။ သင်​သည် စ​ကား​တုံ့​ပြန်​ပြော​ခြင်း​ငှာ အ​ဘယ်​ကြောင့် ရဲ​ရင့်​သ​နည်း။

ဤ​စ​ကား​သည် အ​ဘယ်​အ​ခါ​မှ ပြတ်​လိမ့်​မည်​နည်း။ သ​တိ​ပြု​ကြ။ သို့​မှ​သာ​ငါ​တို့​သည် စ​ကား​ပြော​ကြ​မည်။

ငါ​စ​ကား​ပြော​ရုံ​ကာ​မျှ​ကို အ​ပြစ်​တင်​မည် ကြံ​စည်​ကြ​သ​လော။ မျှော်​လင့်​စ​ရာ​မ​ရှိ​သော​သူ ပြော​သော​စ​ကား​သည် လေ​သက်​သက်​ဖြစ်၏။

တောင့်​တ​သော​အ​ရာ ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို ဖျက်​ဆီး​တော်​မူ​ပါ​စေ။ လက်​တော်​ကို​ဆန့်၍ ငါ့​ကို ဆုံး​စေ​တော်​မူ​ပါ​စေ။

ထို​ကြောင့်​ငါ​သည် ကိုယ်​နှုတ်​ကို မ​ချုပ်​တည်း။ စိတ်​ပင်​ပန်း​လျက်​နှင့် စ​ကား​ပြော​ရ၏။ အ​လွန်​ညှိုး​ငယ်​သော စိတ်​နှင့် မြည်​တမ်း​ရ၏။

ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ် မြွက်​ဆို​သည်​ကား၊

မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။

ဖာ​ရော​ဘု​ရင်၏​ကျွန်​တို့​က​လည်း၊ ဤ​လူ​သည် ငါ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နှောင့်​ယှက်​ပါ​လိမ့်​မည်​နည်း။ ထို​သူ​တို့​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။ အဲ​ဂု​တ္တု​ပြည်​ပျက်​ကြောင်း​ကို သိ​တော်​မ​မူ​သေး​သ​လော​ဟု လျှောက်​ကြ​လျှင်၊

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။

ပ​ရော​ဖက်​တို့​သည် လေ​သက်​သက် ဖြစ်​ကြ၏။ သူ​တို့၌ နှုတ်​က​ပတ်​တော် မ​ရှိ။ သူ​တို့ ဟော​ပြော​သည်​အ​တိုင်း သူ​တို့​ခံ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ငြင်း​ပယ်​လျက် ဆို​တတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ