Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 7:16

Judson Bible

ငါ​သည် အား​လျော့​လျက်​ရှိ၏။ အ​စဉ်​မ​ပြတ် အ​သက်​မ​ရှင်​ရာ။ ငါ့​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ။ ငါ့​အ​သက်​သည် အ​ခိုး​အ​ငွေ့​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ရေ​ဗ​က္က​သည် ဣ​ဇာက်​ထံ​သို့​သွား၍၊ ကျွန်​မ​သည် ဟေ​သ​အ​မျိုး​သ​မီး​တို့​ကြောင့်၊ ကိုယ်​အ​သက်​ကို​ငြီး​ငွေ့​လှ၏။ ဤ​ပြည်​သူ​သ​မီး​ကဲ့​သို့​သော​သူ၊ ဟေ​သ​အ​မျိုး​သ​မီး​နှင့် ယာ​ကုပ်​အိမ်​ထောင်​ဖက်​ပြု​လျှင်၊ ကျွန်​မ​အ​သက်​ရှင်၍ အ​ဘယ်​ကျေး​ဇူး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု ပြော​ဆို​လေ၏။

သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊

ငါ့​ဝိ​ညာဉ်​သည် အ​သက်​ကို​ငြီး​ငွေ့၏။ မြည်​တမ်း​သော​အ​ပြစ်​ကို ခံ​ရ​မည်။ စိတ်​အ​လွန်​ညှိုး​ငယ်၍ ပြော​ရ​မည်။

အ​ကျွန်ုပ်​နေ့​ရက်​တို့​သည် နည်း​ပါး​သည် မ​ဟုတ်​လော။

မျက်​စိ​တော်​ကို​လွှဲ၍ လူ​သည်​သူ​ငှား​ကဲ့​သို့ မိ​မိ​နေ့​ရက်​ကို လွန်​စေ​သည်​တိုင်​အောင် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။

တောင့်​တ​သော​အ​ရာ ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို ဖျက်​ဆီး​တော်​မူ​ပါ​စေ။ လက်​တော်​ကို​ဆန့်၍ ငါ့​ကို ဆုံး​စေ​တော်​မူ​ပါ​စေ။

ငါ​သည် ကိုယ်​အ​ရိုး​ကို နှ​မြော​သည်​ထက် အ​သက်​ချုပ်၍ သေ​ရ​သော​အ​ခွင့်​ကို သာ၍​တောင့်​တ​ပါ၏။

ငါ့​အ​သက်​သည် လေ​သက်​သက်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ နောက်​တစ်​ဖန် ကောင်း​သော​အ​ကျိုး​ကို ငါ​မ​မြင်​ရ။

တစ်​ဖန် စုံ​လင်​သော်​လည်း၊ ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ရ။ ကိုယ်​အ​သက်​ကို ပ​မာ​ဏ​မ​ပြု​ရ။

လူ​သည်​အ​ငွေ့​နှင့် တူ​ပါ၏။ သူ၏​နေ့​ရက်​တို့​သည် လွန်​သွား​တတ်​သော အ​ရိပ်​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။

အ​ကျွန်ုပ်​ကို ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်​ဦး။ လက်​တော်​အောက်၌ ဆုံး​မ​ခြင်း​ကို​ခံ​ရ၍ အား​ကုန်​ပါ​ပြီ။

အ​ကျွန်ုပ်​သည် ရွေ့​သွား၍​မ​ပျောက်​မီ​တွင် သက်​သာ​ရ​မည်​အ​ကြောင်း၊ မျက်​နှာ​လွှဲ​တော်​မူ​ပါ။

အ​ကယ်​စင်​စစ်​လူ​သည် အ​ရိပ်၌​သာ ကျင်​လည်​ပါ၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် အ​ကျိုး​မဲ့ ပင်​ပန်း​ကြ​ပါ၏။ ဥ​စ္စာ​ကို​ဆည်း​ပူး​သော်​လည်း အ​ဘယ်​သူ​ရ​အံ့​သည်​ကို မ​သိ​ရ​ပါ။

အ​ကယ်​စင်​စစ် ယုတ်​ညံ့​သော​သူ​တို့​သည် အ​န​တ္တ၊ အ​သ​ရေ​ရှိ​သော​သူ​တို့​သည် မု​သား​ဖြစ်​ကြ၏။ ချိန်​ခွင်​နှင့် ချိန်​စက်​လျှင် ထို​သူ​အ​ပေါင်း​တို့​သည် အ​န​တ္တ​ထက်​သာ၍​ပေါ့​ကြ၏။

ထို​ကြောင့် သူ​တို့​နေ့​ရက်​ကာ​လ​ကို အ​ချည်း​နှီး​လွန်​စေ၍၊ သူ​တို့​နှစ်​များ​ကို ဘေး​ဥ​ပဒ်​တွင် မြှုပ်​တော်​မူ၏။

သူ​တို့​သည် အ​သား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ စု​တေ၍ နောက်​တစ်​ဖန် မ​လာ​တတ်​သော ဝိ​ညာဉ်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။

ထို​ကြောင့်၊ အ​သက်​ရှင်​ခြင်း​ကို ငါ​ငြီး​ငွေ့၏။ နေ​အောက်​မှာ ပြု​သော​အ​မှု​သည် ငါ၌​ခက်​ခဲ၏။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။

ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။

နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ