Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 7:15

Judson Bible

ငါ​သည် ကိုယ်​အ​ရိုး​ကို နှ​မြော​သည်​ထက် အ​သက်​ချုပ်၍ သေ​ရ​သော​အ​ခွင့်​ကို သာ၍​တောင့်​တ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​ပေး​သော​အ​ကြံ​သို့ မ​လိုက်​ကြ​သည်​အ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊ မြည်း​ကို ကုန်း​နှီး​တင်​စေ​ပြီး​လျှင် ထ၍ မိ​မိ​နေ​ရင်း​မြို့ မိ​မိ​အိမ်​သို့​သွား​သ​ဖြင့် အိမ်​မှု​အိမ်​ရေး​များ​ကို စီ​ရင်​ပြီး​မှ လည်​ကြိုး​တပ်၍ သေ​လေ၏။ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။

သူ​တို့​သည် သေ​ခြင်း​ကို တောင့်​တ၍​မ​ရ​နိုင်။ ဝှက်​ထား​သော​ဥ​စ္စာ​ကို ဖော်​ခြင်း​ငှာ တူး​သည်​ထက် သေ​ခြင်း​အ​ကြောင်း​ကို ဖော်​ခြင်း​ငှာ သာ၍​တူး​ကြ၏။

သူ​တို့​သည် သင်္ချိုင်း​တွင်း​ကို တွေ့​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်၍ အ​ထူး​သ​ဖြင့် ရွှင်​လန်း​ကြ၏။

ကိုယ်​တော်​သည် ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို ပေး​တော်​မူ၏။ ည​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ထိတ်​လန့်​စေ​တော်​မူ၏။

ငါ​သည် အား​လျော့​လျက်​ရှိ၏။ အ​စဉ်​မ​ပြတ် အ​သက်​မ​ရှင်​ရာ။ ငါ့​ကို တတ်​တိုင်း​ရှိ​စေ​တော်​မူ​ပါ။ ငါ့​အ​သက်​သည် အ​ခိုး​အ​ငွေ့​ဖြစ်၏။

တစ်​ဖန် စုံ​လင်​သော်​လည်း၊ ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ရ။ ကိုယ်​အ​သက်​ကို ပ​မာ​ဏ​မ​ပြု​ရ။

ထို​ကြောင့်၊ အ​သက်​ရှင်​ခြင်း​ကို ငါ​ငြီး​ငွေ့၏။ နေ​အောက်​မှာ ပြု​သော​အ​မှု​သည် ငါ၌​ခက်​ခဲ၏။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်​ကြ၏။

ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။

နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။

သူ​သည် ထို​ငွေ​ကို ဗိ​မာန်​တော်၌ ပစ်​ချ​ခဲ့၍ အ​ခြား​သို့​သွား​ပြီး​လျှင် လည်​ကြိုး​တပ်၍ သေ​လေ၏။-

ထို​နေ့​ရက်​ကာ​လ၌ လူ​တို့​သည် သေ​ခြင်း​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ အ​လွန် သေ​ချင်​သော်​လည်း သေ​မင်း​သည် သူ​တို့​ထံ​မှ ပြေး​သွား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ