မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာ နေရာကျသနည်း။
သင်တို့သည် စကားတစ်ခွန်းကိုမျှ မပြောဘဲ တိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
သို့ဖြစ်၍ သင်တို့ပြန်ပြောသောစကား၌ မုသားပါသောကြောင့်၊ အဘယ်သို့ ငါ့ကို အချည်းနှီး နှစ်သိမ့်စေကြလိမ့်မည်နည်းဟု မြွက်ဆို၏။
သို့မဟုတ်လျှင်၊ ငါ၏မုသားအပြစ်ကို အဘယ်သူပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
သင်တို့သည် ကိုယ်တိုင်သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲ့သောဒူးတို့ကိုလည်း တည့်စေပြီ။
ငါ့ကို ဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဖော်ပြကြပါ။
ငါစကားပြောရုံကာမျှကို အပြစ်တင်မည် ကြံစည်ကြသလော။ မျှော်လင့်စရာမရှိသောသူ ပြောသောစကားသည် လေသက်သက်ဖြစ်၏။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။
လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏။