Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 6:24

Judson Bible

ငါ့​ကို ဆုံး​မ​ကြ​ပါ။ တိတ်​ဆိတ်​လျက်​နေ​ပါ​မည်။ ငါ​မှား​သော​အ​ရာ​ကို ငါ့​အား​ဖော်​ပြ​ကြ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​ကို လျှောက်​ရ​သော​စ​ကား ဟူ​မူ​ကား၊ အ​ကျွန်ုပ်​ကို အ​ပြစ်​စီ​ရင်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဆန့်​ကျင်​ဘက် ပြု​တော်​မူ​မည်​အ​ကြောင်း​ကို ပြ​တော်​မူ​ပါ။

အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​တို့​သည် အ​ဘယ်​မျှ​လောက် များ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ပြစ်​မှား​ကျူး​လွန်​ခြင်း အ​ပြစ်​တို့​ကို ကျွန်ုပ်​အား ပြ​တော်​မူ​ပါ။

သင်​တို့​စ​ကား​ကို ကြား​ရ​အံ့​သော​ငှာ ငါ​ဆိုင်း​လင့်​ပြီ။ သင်​တို့​သည် ပြော​စ​ရာ​ကို​ရှာ​ဖွေ၍ ဆွေး​နွေး​သော​စ​ကား​ကို ငါ​နား​ထောင်​ပြီ။

သို့​ဖြစ်၍ အို​ယော​ဘ၊ ငါ​မြွက်​ဆို​သော​စ​ကား အ​လုံး​စုံ​တို့​ကို နား​ထောင်​နာ​ယူ​ပါ​လော့။

အ​ကျွန်ုပ် နား​မ​လည်​သော​အ​ရာ​ကို သွန်​သင်​တော်​မူ​ပါ။ ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ဖြစ်၍၊ နောက်​တစ်​ဖန် မ​ပြု​ဘဲ​နေ​ပါ​မည်​ဟု ဘု​ရား​သ​ခင်​အား လျှောက်​သင့်​သည် မ​ဟုတ်​လော။

ဤ​အ​မှု​ကို ငါ​တို့​သည် စစ်​ဆေး၍ ယ​ခု​ပြော​သည်​အ​တိုင်း မှန်​ပါ၏။ နား​ထောင်​ပါ။ အ​သင့်​နှ​လုံး​သွင်း​ထား​ပါ​ဟု မြွက်​ဆို၏။

ရန်​သူ​လက်​မှ ငါ့​ကို​ကယ်​ယူ​ကြ​ပါ။ သူ​ရဲ​လက်​မှ​ရွေး​နုတ်​ကြ​ပါ​ဟု ငါ​ပြော​သ​လော။

မှန်​သော​စ​ကား​သည် တန်​ခိုး​ကြီး၏။ သင်​တို့ ကဲ့​ရဲ့​သော​စ​ကား​သည် အ​ဘယ်​မှာ နေ​ရာ​ကျ​သ​နည်း။

မိ​မိ​မှား​ယွင်း​ခြင်း​ကို အ​ဘယ်​သူ​သည် နား​လည်​နိုင်​သ​နည်း။ မ​ထင်​ရှား​သော​ဒု​စ​ရိုက်​အ​ပြစ်​နှင့် အ​ကျွန်ုပ်​ကို ကင်း​စင်​စေ၍၊

သင့်​ကို ငါ​သွန်​သင်​မည်။ သင်​သွား​ရ​မည့်​လမ်း​ကို​ပြ​ညွှန်​မည်။ သင့်​ကို ကြည့်​ရှု​ပြု​စု​မည်။ ဉာဏ်​ပ​ညာ​မဲ့​သော မြင်း​လား​ကဲ့​သို့ မ​ဖြစ်​နှင့်။

နား​ထောင်​တတ်​သော​သူ​ကို လျောက်​ပတ်​စွာ ဆုံး​မ​တတ်​သော​သူ​သည် ရွှေ​နား​တောင်း​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

ပ​ညာ​ရှိ​သော​သူ​ကို​ဆုံး​မ​လျှင်၊ သူ​သည် သာ၍​ပ​ညာ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို သွန်​သင်​လျှင်၊ သူ​သည် သိ​ပ္ပံ​အ​တတ် တိုး​ပွား​လိမ့်​မည်။

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။-

ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ