ထိုချောင်းရေသည် ရေခဲကြောင့်လည်းကောင်း၊ မထင်ရှားသော မိုးပွင့်ကြောင့်လည်းကောင်း၊
မိုးရေသည် ခန်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ နေပူအရှိန်အားဖြင့်လည်းကောင်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏။
သင်သည် မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသလော။
ရေခဲသည် အဘယ်သူ၏ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ ရွေ့သွားကွယ်ပျောက် တတ်ကြ၏။
အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်းခြောက်တတ်၏။
တစ်ဖန် နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုးပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။