Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 6:15

Judson Bible

ငါ့​ညီ​အစ်​ကို​တို့​သည် ချောင်း​ရေ​ကဲ့​သို့ လှည့်​စား၍၊ ချိုင့်၌​စီး​သော​ရေ​ကဲ့​သို့ ရွေ့​သွား​ကွယ်​ပျောက် တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ခံ​ပြီး​သော​ဒု​က္ခ​ဆင်း​ရဲ​ကို မေ့​လျော့​လိမ့်​မည်။ လွန်​သွား​ပြီး​သော ရေ​ကို​ကဲ့​သို့ အောက်​မေ့​လိမ့်​မည်။

သင်​တို့​သည် တစ်​ယောက်​မျှ​မ​ကြွင်း၊ မု​သား​ကို ပြု​ပြင်​သော​သူ၊ အ​သုံး​မ​ရ​သော​ဆေး​သ​မား ဖြစ်​ကြ၏။

အိုင်​ရေ​ပြတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ မြစ်​ရေ ခန်း​ခြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊

ငါ့​ညီ​အစ်​ကို​တို့​ကို ငါ​နှင့်​ကွာ​ဝေး​စေ​တော်​မူ၏။ ငါ့​အ​သိ​အ​ကျွမ်း​တို့​သည် ငါ့​ကို​မ​သိ၊ ရိုင်း​သော​သူ​ဖြစ်​ကြ၏။

ငါ့​မိတ်​ဆွေ​တို့​သည် ငါ့​ကို​ရွံ၍၊ ငါ​ချစ်​သော​သူ​တို့​သည် ငါ့​ရန်​သူ​ဖြစ်​ကြ၏။

ထို​ချောင်း​ရေ​သည် ရေ​ခဲ​ကြောင့်​လည်း​ကောင်း၊ မ​ထင်​ရှား​သော မိုး​ပွင့်​ကြောင့်​လည်း​ကောင်း၊

အ​ကျွန်ုပ်၏​အ​ဆွေ​ခင်​ပွန်း၊ အ​ပေါင်း​အ​ဖော်​တို့​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကြောင့်၊ ဝေး​ဝေး​ရပ်​လျက်၊ ပေါက်​ဖော်​တို့​သည်​လည်း၊ ရှောင်​လျက်​နေ​ကြ​ပါ၏။

အ​ကယ်​စင်​စစ် ငါ​ယုံ၍၊ ငါ့​မုန့်​ကို​စား​သော အ​ဆွေ​ခင်​ပွန်း​သည် ငါ့​ကို ခြေ​နှင့်​ကျောက်​သ​တည်း။

ချစ်​သော​သူ​နှင့် အ​ဆွေ​ခင်​ပွန်း​ကို အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​ရွှေ့​တော်​မူ​ပြီ။ အ​သိ​အ​ကျွမ်း​တို့​သည် မှောင်​မိုက်​ထဲ​မှာ ရှိ​ကြ​ပါ၏။

အ​မှု​ရောက်​သော​ကာ​လ၌ သ​စ္စာ​ပျက်​တတ်​သော​သူ​ကို​ယုံ​လျှင် သွား​ကျိုး​ခြင်း၊ ခြေ​ဆစ်​ပြုတ်​ခြင်း​ကို ခံ​ရ၏။

သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။

အ​ကျွန်ုပ်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် အ​ဘယ်​ကြောင့် မြဲ​ပါ​သ​နည်း။ မ​ပျောက်​လို၊ မ​ပျောက်​နိုင်​သော​အ​နာ​ကို အ​ဘယ်​ကြောင့် ခံ​ရ​ပါ​သ​နည်း။ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည်​ပျောက်​တတ်၍၊ လှည့်​စား​သော​ရေ​ကဲ့​သို့ အ​ကျွန်ုပ်၌ ဖြစ်​တော်​မူ​ပါ​ပြီ​တ​ကား။

သင်၏​မိတ်​ဆွေ​ရှိ​သ​မျှ​တို့​သည် သင့်​ကို မေ့​လျော့၍ မ​မေး​မ​ရှာ​ဘဲ နေ​ကြ၏။ သင့်​အ​ပြစ်​သည်​ကြီး၍၊ သင်​ပြု​သော ဒု​စ​ရိုက်​သည် များ​ပြား​သော​ကြောင့်၊ ရန်​သူ​ပေး​တတ်​သော​အ​နာ​နှင့် သင့်​ကို ငါ​နာ​စေ​ပြီ။ ကြမ်း​တမ်း​သော​သူ ပေး​တတ်​သော​ဒဏ်​ကို ငါ​ပေး​ပြီ။

နန်း​တော်၌ ကျန်​ကြွင်း​သ​မျှ​သော မိန်း​မ​တို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ မှူး​မတ်​တို့​ထံ​သို့ ထုတ်​ဆောင်​ကြ​လိမ့်​မည်။ ထို​မိန်း​မ​တို့​က​လည်း၊ ကိုယ်​တော်၏ အ​ဆွေ​ခင်​ပွန်း​တို့​သည် သွေး​ဆောင်၍​နိုင်​ကြ​ပြီ။ ခြေ​တော်​သည် ရွှံ့၌​ကျွံ၍၊ သူ​တို့​သည် ဆုတ်​သွား​ကြ​ပြီ​ဟု ကိုယ်​တော်​အား ဆို​ကြ​လိမ့်​မည်။

သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-

သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။-

မေ​တ္တာ​ပွဲ​လုပ်၍ သင်​တို့​နှင့်​အ​တူ စား​သောက်​သော​အ​ခါ အား​မ​နာ​ဘဲ၊ မိ​မိ​တို့​ကို​ဝ​စွာ​ကျွေး၍ ပွဲ၌ အ​စွန်း​အ​ကွက်​ဖြစ်​ကြ၏။ ရေ​မ​ရှိ၊ လေ​တိုက်၍​လွင့်​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​နွမ်း၍ အ​သီး​မ​တင်၊ နှစ်​ကြိမ်​သေ၍ နုတ်​ပစ်​သော သစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ