သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကိုလည်း ရပြန်၏။
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
သမီးကြီးကား၊ ယေမိမ၊ သမီးလတ်ကား ကေဇိ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ် အမည်ရှိသတည်း။
ဆင်းရဲသောသူကိုလည်း ဒုက္ခမှထမြောက်စေ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။
ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။
သင်၏သားများဆုံးပြီးမှ၊ တစ်ဖန်ရပြန်သောသားတို့က၊ နေရာမလောက်ပါ။ နေစရာအရပ်ကိုပေးပါဟု သင့်အား တောင်းကြလေဦးမည်။