Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 42:12

Judson Bible

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်၏​သ​ခင်​ကို အ​လွန်​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည်​ကြီး​မြတ်​ခြင်း​သို့ ရောက်​လေ​ပြီ။ သိုး​စု၊ နွား​စု၊ ရွှေ၊ ငွေ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ၊ ကု​လား​အုတ်​နှင့်​မြည်း​များ​တို့​ကို ပေး​တော်​မူ​ပြီ။

ဆိတ်​မ​နှစ်​ရာ၊ ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ၊ သိုး​ထီး​နှစ်​ဆယ်၊

ကိုယ်​တော်​သည် သူ့​ကိုယ်​မှ​စ၍ သူ့​အိမ်​နှင့် သူ့​ဥ​စ္စာ​ရှိ​သ​မျှ​ပတ်​လည်၌ စောင်​ရန်း​ကာ​တော်​မူ​သည် မ​ဟုတ်​လော။ သူ​ပြု​လေ​သ​မျှ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ သူ့​သိုး​နွား​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် မြေ​ပေါ်​မှာ အ​လွန်​ပွား​များ​ကြ​ပြီ။

သား​ခု​နစ်​ယောက်​နှင့် သ​မီး​သုံး​ယောက်​ရှိ၏။

သူ၏​ဥ​စ္စာ​ကား၊ သိုး ခု​နစ်​ထောင်၊ ကု​လား​အုတ် သုံး​ထောင်၊ နွား​ယှဉ် ငါး​ရာ၊ မြည်း​မ ငါး​ရာ၊ ငယ်​သား​အ​တိုင်း​မ​သိ​များ​သည်​ဖြစ်၍၊ ထို​သူ​သည် အ​ရှေ့​မျက်​နှာ အ​ရပ်​သား​တ​ကာ​တို့​ထက် သာ၍​ကြီး​သော​သူ ဖြစ်၏။

သင်​သည် အ​စ​အ​ဦး၌ ငယ်​သော်​လည်း၊ နောက်​ဆုံး၌ အ​လွန်​ကြီး​ပွား​လိမ့်​မည်။

ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။

အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။

သင်​တို့​အ​ပေါ်​မှာ လူ​နှင့်​တိ​ရ​စ္ဆာန်​တို့​ကို ငါ​များ​ပြား​စေ​သ​ဖြင့်၊ သူ​တို့​သည်​ပွား​များ၍ သား​မြေး​အ​စဉ်​အ​ဆက် ရှိ​ကြ​လိမ့်​မည်။ နေ​ရင်း​အ​ရပ်​တို့၌ ငါ​နေ​ရာ​ချ၍၊ အ​ရင်​ပြု​သ​ကဲ့​သို့ ငါ​ကျေး​ဇူး​ပြု​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

သင့်​ကို​နှိမ့်​ချ​စုံ​စမ်း၍၊ နောက်​ဆုံး၌​ကျေး​ဇူး​ပြု​လို​သော​ငှာ၊ သင်၏ ဘိုး​ဘေး​မ​သိ​ဖူး​သော မ​န္န​နှင့် တော၌​ကျွေး​မွေး​တော်​မူ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့၍၊

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-

သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ