လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြလိမ့်မည်လော။
ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သောတပ်မှူးအား ဆိုသည်အတိုင်း၊ ကောင်းကင်ကမီးကျ၍ သူနှင့်သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
ကောင်းကင်ကမီးကျ၍ အခြားသောတပ်မှူးနှစ်ယောက်နှင့် သူတို့၌ပါသောလူတစ်ရာကို လောင်သော်လည်း၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ၏။
အလင်းကို လက်တော်နှင့်ကွယ်ကာ၍၊ တစ်ဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။
မိုးကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
မောရှေကလည်း၊ မြို့ထဲကကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုအစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုးကြိုးစဲလိမ့်မည်။ မိုးသီးလည်းမကျမရွာရ။
တစ်ဖန် ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။
ငါ့ကို မမေးမလျှောက်သော သူတို့၏စကားကို ငါနားထောင်ပြီ။ ငါ့ကို မရှာသောသူတို့သည် ငါ့ကိုတွေ့ရကြပြီ။ ငါ့ကို ကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပတ္ထနာမပြုသော လူမျိုးအား ငါပြောဆိုပြီ။
ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကိုလောင်သဖြင့် ရှေ့တော်၌သေကြ၏။
တစ်ဖန် လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်၊ ထာဝရဘုရားသည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ရှိသော သူအချို့တို့ကို သေစေလေ၏။
နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
ရှောလုကလည်း၊ အဟိတုပ်၏သားနားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည်သခင်ဟု လျှောက်၏။