Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 38:36

Judson Bible

ကိုယ်​ခ​န္ဓာ​ထဲ​သို့ ပ​ညာ​ကို အ​ဘယ်​သူ​သွင်း​သ​နည်း။ နား​လည်​နိုင်​သော​ဉာဏ်​ကို အ​ဘယ်​သူ​ပေး​သ​နည်း။ ပ​ညာ​ရှိ၍ မိုး​တိမ်​တို့​ကို အ​ဘယ်​သူ ရေ​တွက်​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​မူ​ကား၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​တော်​မူ၏။ ပ​ညာ​သ​တ္တိ​ကို ပေး​နိုင်​သော​အ​ခွင့် ရှိ​တော်​မူ၏။

သို့​ရာ​တွင် လူ​ထဲ၌​ဝိ​ညာဉ်​ရှိ၏။ ဘု​ရား​သ​ခင် အ​သက်​ရှင်​စေ​တော်​မူ​သ​ဖြင့် ဉာဏ်​ရှိ၏။

ဘု​ရား​သ​ခင်​သည် ထူး​ဆန်း​သော​ဉာဏ်၊ ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​သည် အာ​ဏာ​တော်​ကို ဆန်၍​အောင်​နိုင်​သ​နည်း။

ဟုတ်​မှန်​ဖြောင့်​မတ်​သော​စိတ်​နှ​လုံး​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ထဲ​မှာ ပ​ညာ​ကို သွန်​သင်​တော်​မူ​ပါ။

သူ​သည် ရွှေ​ငွေ​ကြေး​ဝါ​ကို လုပ်​သော​အ​တတ်၊ ကျောက်​ကို​သွေး၍ စီ​သော​အ​တတ်၊ သစ်​သား​ကို ထု​လုပ်​သော​အ​တတ်​နှင့် အ​မျိုး​မျိုး​သော​အ​လုပ်​ကို ထူး​ဆန်း​စွာ လုပ်​တတ်​မည်​အ​ကြောင်း၊ ဉာဏ်​ပ​ညာ​နှင့်​တ​ကွ သိ​ပ္ပံ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ငါ​ပေး၍ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​စုံ​စေ​၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။

ရှေ့​တော်၌ ကောင်း​သော​သူ​အား ဉာဏ်​ပ​ညာ၊ သိ​ပ္ပံ​အ​တတ်​နှင့် ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ၏။ အ​ပြစ်​ရှိ​သော​သူ​အား ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ရှေ့​တော်၌ ကောင်း​သော​သူ​အား ပေး​စ​ရာ​ဖို့၊ ဆည်း​ပူး​သို​ထား​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ သူ၏​ဘု​ရား​သ​ခင်​သည် စီ​ရင်​တတ်​သော ဉာဏ်​ကို​ပေး​တော်​မူ၏။ သူ့​ကို​လည်း သွန်​သင်​တော်​မူ၏။

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ