ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာ တင်းမာလျက်ရှိ၏။
ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
ရေခဲသည် အဘယ်သူ၏ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။
သူလွန်သွားသောလမ်းသည် ထွန်းတောက်သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။