ရေခဲသည် အဘယ်သူ၏ဝမ်းထဲက ထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ်မျက်နှာ တင်းမာလျက်ရှိ၏။
သမုဒ္ဒရာသည် အမိဝမ်းထဲက ဖွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။
ထိုချောင်းရေသည် ရေခဲကြောင့်လည်းကောင်း၊ မထင်ရှားသော မိုးပွင့်ကြောင့်လည်းကောင်း၊