Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 38:23

Judson Bible

ဘေး​ရောက်​ရာ အ​ချိန်​ကာ​လ​နှင့် စစ်​ပြိုင်၍ တိုက်​ရာ​အ​ချိန်​ကာ​လ​ဖို့၊ ငါ​သို​ထား​သော မိုး​သီး​ဘ​ဏ္ဍာ​များ​ကို မြင်​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ဓ​မ္မ​သ​ဘော​ရှိ​သော​သူ​တို့​သည် အ​မျက်​တော်​ကို သို​ထား​တတ်​ကြ၏။ ချည်​နှောင်​တော်​မူ​သော​အ​ခါ မ​အော်​ဟစ်​တတ်​ကြ။

ထို​သို့​သော​အား​ဖြင့် လူ​မျိုး​တို့​ကို တ​ရား​စီ​ရင်​တော်​မူ၏။ များ​စွာ​သော အ​စာ​အာ​ဟာ​ရ​ကို​လည်း ပေး​တော်​မူ၏။

သင်​သည် မိုး​ပွင့်​ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ ဝင်​ဖူး​သ​လော။

အ​လင်း​သည် အ​ဘယ်​သို့​သော​လမ်း​ဖြင့် နှံ့​ပြား​သ​နည်း။ အ​ရှေ့​လေ​သည် မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​ကြောင့်​လွင့်​သ​နည်း။

ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။

အဲ​ဂု​တ္တု​ပြည်​တည်​ထောင်​သည်​ကာ​လ​မှ​စ၍ တစ်​ခါ​မျှ​မ​ဖြစ်​ဖူး သော မိုး​သီး၊ မီး​နှင့်​ရော၍ အ​လွန်​ပြင်း​ထန်​စွာ​သော မိုး​သီး​ဖြစ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။

မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။-

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။

ထို​မိုး​သီး​ဘေး​ဒဏ် အ​လွန်​ကြီး​သည်​ဖြစ်၍၊ လူ​တို့​သည် မိုး​သီး​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ