Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 38:22

Judson Bible

သင်​သည် မိုး​ပွင့်​ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ ဝင်​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မြေ​ပေါ်​မှာ​ဖြစ်​စေ​ဟု မိုး​ပွင့်​ကို​လည်း​ကောင်း၊ သုန်​ဖျင်း​သော​မိုး​ရေ​နှင့် တန်​ခိုး​တော်​ကြောင့် ပြင်း​ထန်​သော မိုး​ရေ​ကို​လည်း​ကောင်း မိန့်​တော်​မူ၏။

ဘေး​ရောက်​ရာ အ​ချိန်​ကာ​လ​နှင့် စစ်​ပြိုင်၍ တိုက်​ရာ​အ​ချိန်​ကာ​လ​ဖို့၊ ငါ​သို​ထား​သော မိုး​သီး​ဘ​ဏ္ဍာ​များ​ကို မြင်​ဖူး​သ​လော။

ထို​ချောင်း​ရေ​သည် ရေ​ခဲ​ကြောင့်​လည်း​ကောင်း၊ မ​ထင်​ရှား​သော မိုး​ပွင့်​ကြောင့်​လည်း​ကောင်း၊

မြေ​ကြီး​စွန်း​မှ မိုး​တိမ်​တို့​ကို တက်​စေ​တော်​မူ၏။ မိုး​နှင့်​တ​ကွ လျှပ်​စစ်​ကို​ဖန်​ဆင်း​တော်​မူ၏။ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က လေ​ကို ထုတ်​တော်​မူ၏။

မိုး​ပွင့်​ကို သိုး​မွေး​ကဲ့​သို့ ချ​တော်​မူ၏။ နှင်း​ခဲ​ကို​လည်း ပြာ​ကဲ့​သို့ ဆွတ်​ဖြူ​တော်​မူ၏။

မိ​မိ​မိုး​သီး​ကို စား​နုတ်​စား​ပေါက်​ကဲ့​သို့ လွှတ်​တော်​မူ၍၊ ချမ်း​စေ​တော်​မူ​ခြင်း​ကို အ​ဘယ်​သူ​ခံ​နိုင်​သ​နည်း။

သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။

ကြည့်​ရှု​လော့။ အဲ​ဂု​တ္တု​ပြည်​တည်​သည်​ကာ​လ​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ရွာ​ဖူး​သော အ​လွန်​ကြီး​စွာ​သော မိုး​သီး​ရွာ​ခြင်း​ကို နက်​ဖြန်​နေ့​ဤ​အ​ချိန်၌ ငါ​ဖြစ်​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဘုန်း​ကြီး​သော​အ​သံ​တော်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ လက်​ရုံး​တော် သက်​ရောက်​ခြင်း၊ ပြင်း​စွာ​အ​မျက်​ထွက်​ခြင်း၊ မီး​လျှံ​လောင်​ခြင်း၊ မိုး​သီး​ပါ​လျက်၊ မိုး​သက်​မုန်​တိုင်း​များ​တို့​ကို ပြ​တော်​မူ​လိမ့်​မည်။

ထို​အုတ်​ရိုး​သည် ပြို​လဲ​မည်​ဟု အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တို့​အား ပြော​လော့။ မိုး​ရေ​လွှမ်း​မိုး​လိမ့်​မည်။ ကြီး​စွာ​သော​မိုး​သီး ကျ​လိမ့်​မည်။ မိုး​သက်​မုန်​တိုင်း​တိုက်​ဖျက်​လိမ့်​မည်။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​အ​မျက်​ထွက်၍၊ သင်​တို့​အုတ်​ရိုး​ကို မိုး​သက်​မုန်​တိုင်း​အား​ဖြင့်​တိုက်၍ ဖျက်​မည်။ ငါ၏​ဒေါ​သ​အ​ရှိန်​ကြောင့် မိုး​ရေ​လွှမ်း​မိုး၍၊ ကြီး​စွာ​သော​မိုး​သီး​နှင့် ဆုံး​စေ​မည်။

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။

ထို​မိုး​သီး​ဘေး​ဒဏ် အ​လွန်​ကြီး​သည်​ဖြစ်၍၊ လူ​တို့​သည် မိုး​သီး​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ