Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 37:12

Judson Bible

လော​က​ဓာတ် မြေ​ကြီး​တစ်​လျှောက်​လုံး​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​စေ​ခြင်း​ငှာ ပ​ညာ​တော်​အား​ဖြင့် လှည့်​လည်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​လင်း​ကို လက်​တော်​နှင့်​ကွယ်​ကာ၍၊ တစ်​ဖန် ရန်​သူ​ရှိ​ရာ​သို့ လွှတ်​တော်​မူ၏။

မိုး​ကောင်း​ကင်​အောက်၌ အ​နှံ့​အ​ပြား​လွှတ်၍၊ မြေ​ကြီး​စွန်း​တိုင်​အောင် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​စီ​ရင် ပြု​ပြင်​တော်​မူ​သော​အ​ရာ​တို့​သည် အ​လွန်​များ​ပြား​ပါ၏။ ရှိ​ရှိ​သ​မျှ​တို့​ကို ပ​ညာ​တော်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ၏။ မြေ​ကြီး​သည် ဘ​ဏ္ဍာ​တော်​နှင့် ကြွယ်​ဝ​ပါ၏။

မြေ​ကြီး​ပေါ်​သို့ ဗျာ​ဒိတ်​တော်​ကို​လွှတ်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် အ​လျင်​အ​မြန်​ပြေး​တတ်​ပါ၏။

မီး​နှင့်​မိုး​သီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အ​ငွေ့၊ အ​မိန့်​တော်​ကို နား​ထောင်​သော လေ​ပြင်း​မုန်​တိုင်း၊

သူ၏​သား​မြေး​တို့​သည်​မ​ထ၊ မြေ​ကြီး​ကို​မ​ပိုင်၊ မြေ​တစ်​ပြင်​လုံး​တွင် ရန်​သူ​များ​ကို မ​နှိုး​ဆော်​နိုင်​မည်​အ​ကြောင်း၊ သူ​တို့​အ​ဖို့ ဘိုး​ဘေး​တို့၏​အ​ပြစ်​ကြောင့် ကွပ်​မျက်​ခြင်း​ကို​ပြင်​ကြ​လော့။

နောင်​ကာ​လ၌ ယာ​ကုပ်​သည် အ​မြစ်​ကျ​လိမ့်​မည်။ ဣ​သ​ရေ​လ​သည် စိမ်း​လန်း၍ အ​ဖူး​အ​ငုံ​ထွက်​သ​ဖြင့်၊ လော​ကီ​နိုင်​ငံ​ကို အ​သီး​နှင့် ပြည့်​စေ​လိမ့်​မည်။

သာ​သ​နာ​ပ​လူ​တို့ ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​တွင်၊ မိုး​ရွာ​စေ​နိုင်​သော​သူ​ရှိ​ပါ​သ​လော။ မိုး​သည် အ​လို​လို ရွာ​နိုင်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ​မည်။ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။

အို ဇိ​အုန်​မြို့​သား​တို့၊ ဝမ်း​မြောက်၍ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဓ​မ္မ​ဆ​ရာ​ကို ပေး​တော်​မူ၍ အ​စ​အ​ဦး၌​လည်း အ​ရင်​မိုး​နှင့် နောက်​မိုး​ကို သင်​တို့​အ​ပေါ်​မှာ ရွာ​စေ​တော်​မူ​မည်။

စ​ပါး​ရိတ်​ရာ​ကာ​လ မ​ရောက်​မီ သုံး​လ​အ​ထက်​က၊ မိုး​မ​ရွာ​စေ​ခြင်း​ငှာ မိုး​ကို​ငါ​ဆီး​တား​ပြီ။ မြို့​တစ်​မြို့​ပေါ်​မှာ ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​မြို့​ပေါ်​မှာ မ​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း​ပြု​လျက်၊ မြေ​တစ်​ကွက်​သည် မိုး​ရေ​ကို​ခံ​ရ၍ တစ်​ကွက်​သည် မ​ခံ​ရ၊ သွေ့​ခြောက်​လျက်​နေ​ရ၏။

ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ